ကျောက်မီးသွေးစီမံကိန်းအတွက် လယ်မြေများ ခြိမ်းခြောက်ဝယ်ယူမှုရှိ ဟုဆို (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၂ ၊ ၂၀၁၈ကရင်ပြည်နယ်၊ ဝက်ကြီးကျေးရွာအုပ်စုရှိ သုံးအိမ်ကျေးရွာတွင်

  • 6 years ago
ကျောက်မီးသွေးစီမံကိန်းအတွက် လယ်မြေများ ခြိမ်းခြောက်ဝယ်ယူမှုရှိ ဟုဆို (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၂ ၊ ၂၀၁၈

ကရင်ပြည်နယ်၊ ဝက်ကြီးကျေးရွာအုပ်စုရှိ သုံးအိမ်ကျေးရွာတွင် ၁၂၈၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ဖို့ ပြည်နယ်အစိုးရမှ လယ်ယာမြေများ လျော်ကြေးငွေပေးခဲ့ခြင်းမှာ ဥပဒေနှင့် မညီဘူးလို့ အရပ်ဖက်အဖွဲ့အစည်းအချို့က ဝေဖန်နေကြပါတယ်။

ဒါအပြင် မြေရောင်းခဲ့သူတွေကလည်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အစိုးရမှ အကောင်အထည်ဖော်ပါက မြေများသိမ်းခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းကြောင့် လယ်ယာမြေများကို အစိုးရထံသို့ ရောင်းချခဲ့သော်လည်း Toyo Thai (TTCL) ကုမ္ပဏီ၏ ကျောက်မီးသွေးစီမံကိန်းကို လက်မခံကြကြောင်း ပြောဆိုကြပါတယ်။

စီမံကိန်းဧရိယာနှင့် တိုက်ရိုက်ထိတွေ့ရမည့် သုံးအိမ်ကျေးရွာ၊ ထုံးတောင်ကျေးရွာမှ ဒေသခံတွေကတော့ ကျောက်မီးသွေးစီမံကိန်းကို ကန့်ကွက်မှုရှိသော်လည်း ဝတ်ကြီးကျေးရွာမှ ဒေသခံများကတော့ စီမံကိန်းကို ထောက်ခံနေကြတယ်လို့ သိရပါတယ်။

ရိုက်ကူး- ဥာဏ်စိုးဝင်း

Recommended