အောက်တိုဘာ - ၂၀ ၊၂၀၁၈
(Unicode)
Water Bus လမ်းကြောင်းသစ်တွေ ထပ်မံတိုးသွားမယ်
အောက်တိုဘာ - ၂၀ ၊၂၀၁၈
Water Bus ခရီးစဉ်လမ်းကြောင်းသစ်တွေကို ဒီနှစ်အတွင်းမှာ ထပ်တိုးပြေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။
လက်ရှိမှာတော့ အင်းစိန် - ဗိုလ်တထောင် ၊ သမတကမ်းခြေ - ဗိုလ်တထောင် ၊ အံ့ကြီး - ဗိုလ်တထောင် ၊ သံလျင်ကျောက်တန်း - ဗိုလ်တထောင် ခရီးစဉ်တွေကိုပြေးဆွဲနေတာပါ။
ထပ်မံတိုးချဲ ့ပြေးဆွဲမယ့်ခရီးစဉ်တွေကတော့ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ဆိပ်ကြီး ခနောင်တို ၊သံလျင် စတားစီးတီး နဲ့ ငမိုးရိပ်ချောင်းဘက်ပြေးဆွဲ ဖို့စီစဉ်နေတာလို့သိပါတယ်။
အဲဒီတိုးချဲ့မှုတွေကိုတော့ ဒီနှစ်အတွင်းမှာ အပြီး လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို Water Bus ရှိလာတာဟာ ခရီးသွားပြည်သူတွေ၊ ရေကြောင်းကိုအသုံးပြု သွားလာသူတွေအတွက် သွားလာရတာတွေ အဆင်ပြေပေမယ့်၊ Water Bus လုပ်ဆောင်နေသူတွေအတွက်ကတော့ ကြိုးစားလုပ်ဆောင်နေရတုန်းလို့မြင်မိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့် က ပြောပါတယ်။
Water Bus ဟာ ဒီနေ့မှာဆိုရင်တော့ ပြေးဆွဲခြင်း တစ်နှစ်သက်တမ်းပြည့်ပြီ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်