သက္ငယ္မုဒိမ္းက်ဴးလြန္သူလို႕စြပ္စြဲခံထားရသူကိုထုတ္ေပးဖို႕ေတာင္းဆိုရာကေနလူစုလူေဝးျဖစ္ေပၚမတ္ - ၁၉ ၊၂၀၁၈မႏၱေလးတိုင္း ၊ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္ ( ၄) ရဲစခန္းေရ

  • 6 years ago
သက္ငယ္မုဒိမ္းက်ဴးလြန္သူလို႕စြပ္စြဲခံထားရသူကိုထုတ္ေပးဖို႕ေတာင္းဆိုရာကေနလူစုလူေဝးျဖစ္ေပၚ

မတ္ - ၁၉ ၊၂၀၁၈

မႏၱေလးတိုင္း ၊ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္ ( ၄) ရဲစခန္းေရွ႕မွာ မေန႕က ညပိုင္းက လူစုလူေဝး ျဖစ္ေပၚခဲ့ပါတယ္။
ရဲစခန္းမွာ ဖမ္းဆီးထားတဲ့ သက္ငယ္မုဒိမ္းက်ဴးလြန္သူလို႕ စြပ္စြဲခံထားရသူကို ထုတ္ေပးဖို႕အတြက္ လူတစ္ရာခန္႕ရိွတဲ့ လူအုပ္စုက ေတာင္းဆိုခဲ့တာပါ။

အဲဒီလူအုပ္ထဲက ေန ခဲေတြနဲ႕ပစ္ေပါက္တာေတြရိွခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္အခ်ိိဳ႕ ထိခိုက္ဒဏ္ရာရတာေတြ ရိွခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ ရဲတပ္ဖြဲ႕က လူစုခြဲခဲ့ၿပီး ခဲနဲ႕ ပစ္ေပါက္သူအခ်ိဳ႕ကို ဖမ္းဆီးထိန္းသိမ္းထားတယ္လုိ႕ သိရပါတယ္။

မႏၱေလးၿမိဳ႕က အမရဌာနီအေရွ႕ရပ္ကြက္ မွာ အသက္ ၇ ႏွစ္အရြယ္ မိန္းကေလးကို အိမ္နီးခ်င္ျဖစ္တဲ့ အသက္ ေလးဆယ္ေက်ာ္အရြယ္အမ်ိဳးသားက မဖြယ္မရာျပဳက်င့္တယ္ဆိုၿပီး အမႈဖြင့္ကာ မႏၱေလတိုင္းရဲ တပ္ဖြဲ႕မွဴးရုံးက ဖမ္းဆီးစစ္ေဆးေနတာပါ ။

အဲဒီလို မိန္းကေလးငယ္ အဓမၼျပဳက်င့္ခံရတယ္ဆိုတဲ့သတင္းေတြ ထက္ေပၚၿပီးတဲ့ေနာက္မွာ အမွတ္ ( ၄) ရဲစခန္းေရွ႕ကို လူအုပ္စုေတြေရာက္လာၿပီး တရားခံလို႕စြပ္စဲြခံထားရသူ ကို ထုတ္ေပးဖို႕ ေတာင္းဆိုရာကေန လူစုလူေဝးျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

ည ၁၂ နာရီေက်ာ္ေလာက္မွာေတာ့ လူအုပ္စုကြဲသြားၿပီး ပုံမွန္အေျခအေနအတိုင္းျဖစ္သြားတယ္လုိ႕ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ထက္သာဦး

#သက္ငယ္မုဒိမ္း #က်ဴးလြန္သူလို႕ #စြပ္စြဲခံထားရသူ

Unicode

သက်ငယ်မုဒိမ်းကျူးလွန်သူလို့စွပ်စွဲခံထားရသူကိုထုတ်ပေးဖို့တောင်းဆိုရာကနေလူစုလူဝေးဖြစ်ပေါ်

မတ် - ၁၉ ၊၂၀၁၈

မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့နယ် အမှတ် ( ၄) ရဲစခန်းရှေ့မှာ မနေ့က ညပိုင်းက လူစုလူဝေး ဖြစ်ပေါ်ခဲ့ပါတယ်။
ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ သက်ငယ်မုဒိမ်းကျူးလွန်သူလို့ စွပ်စွဲခံထားရသူကို ထုတ်ပေးဖို့အတွက် လူတစ်ရာခန့်ရှိတဲ့ လူအုပ်စုက တောင်းဆိုခဲ့တာပါ။

အဲဒီလူအုပ်ထဲက နေ ခဲတွေနဲ့ပစ်ပေါက်တာတွေရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး ခဲနဲ့ ပစ်ပေါက်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့က အမရဌာနီအရှေ့ရပ်ကွက် မှာ အသက် ၇ နှစ်အရွယ် မိန်းကလေးကို အိမ်နီးချင်ဖြစ်တဲ့ အသက် လေးဆယ်ကျော်အရွယ်အမျိုးသားက မဖွယ်မရာပြုကျင့်တယ်ဆိုပြီး အမှုဖွင့်ကာ မန္တလေတိုင်းရဲ တပ်ဖွဲ့မှူးရုံးက ဖမ်းဆီးစစ်ဆေးနေတာပါ ။

အဲဒီလို မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့သတင်းတွေ ထက်ပေါ်ပြီးတဲ့နောက်မှာ အမှတ် ( ၄) ရဲစခန်းရှေ့ကို လူအုပ်စုတွေရောက်လာပြီး တရားခံလို့စွပ်စွဲခံထားရသူ ကို ထုတ်ပေးဖို့ တောင်းဆိုရာကနေ လူစုလူဝေးဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ည ၁၂ နာရီကျော်လောက်မှာတော့ လူအုပ်စုကွဲသွားပြီး ပုံမှန်အခြေအနေအတိုင်းဖြစ်သွားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ထက်သာဦး

#သက်ငယ်မုဒိမ်း #ကျူးလွန်သူလို့ #စွပ်စွဲခံထားရသူ