ဦးကိုနီလုပ်ကြံမှု နောက်တိုးတရားခံအတွက် နှစ်ဖက်ရှေ့နေ မေးခွန်းထုတ်လာ (ရုပ်/သံ)
ဧရာဝတီ ၊ သြဂုတ် ၂၄ ၊ ၂၀၁၈
တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုတွင် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လေးဦးအပြင် အခြားဆက်စပ်မှုရှိနိုင်သည့် နောက်တိုးတရားခံများအကြောင်းကို အမှုလိုက်နှစ်ဖက်ရှေ့နေများက မေးခွန်းထုတ်ခဲ့သည်။
လက်ရှိအမှုတွင် ကြည်လင်း ၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ဖမ်းဆီးတရားစွဲဆိုထားပြီး အောင်ဝင်းခိုင်အား တရားခံပြေးအဖြစ် ကြေညာထားသည်။
ရိုက်ကူး/ တည်းဖြတ်- ထွန်းထွန်း

Category
😹
Fun