ARSA ရဲ့ တိုက်ခိုက်မှုကြောင့် ကိုးလအတွင်း သေဆုံးသူ ၁၆၃ ဦးရှိ

  • 7 years ago
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSAအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၉လအတွင်း သေဆုံးသူ (၁၆၃)ဦး ရှိခဲ့ပြီး ပျောက်ဆုံးနေသူ(၉၁)ဦး အထိ ရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက စက်တင်ဘာ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၂၀၁၆အောက်တိုဘာလကနေ ၂၀၁၇ သြဂုတ်လ ၂၄ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားနဲ့ ပြည်သူ ၇၉ဦး အသတ်ခံရပြီး ၃၇ဦးဟာ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ထပ်မံဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာတော့ ရခိုင်၊ ဒိုင်းနက်နဲ့မြို တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် (၈၄)ဦး သေဆုံးခဲ့ရပြီး (၅၄)ဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေအရေအတွက် သောင်းနဲ့ချီ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာတော့ ထိတွေ့မှုဖြစ်စဉ်တွေ လျော့နည်းလာတာကြောင့် ဘူးသီးတောင်၊မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေက ဒေသခံတွေဟာ နေရပ်မှာ ပြန်နေထိုင်ခဲ့ကြတယ်လို့လည်း ပြီးခဲ့တဲ့ စက်တင်ဘာ၁၃ရက်နေ့က အစိုးရက ထုတ်ပြန်ထားပါတယ်။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Recommended