ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုမှာ ပြည်ခိုင်ခိုင်ဖြိုး ကိုယ်စားလှယ် အနိုင်ရရှိ

  • 7 years ago
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတဲ့ ကိုယ်စားလှယ်ကို ဒီချုပ်ပါတီက ကန့်ကွက်ခဲ့ပေမယ့် ဒီနေ့ခုံရုံးက အမိန့်ချရာမှာတော့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အနိုင်ရရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ကျိုင်းတုံမဲဆန္ဒနယ်က အနိုင်ရကိုယ်စားလှယ် ဦးရှာမွေလရှဲန်ကို ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ကန့်ကွက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက အမိန့်ချရာမှာ လက်ရှိ အနိုင်ရ ကိုယ်စားလှယ် ကသာ ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ဖို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက် မှာ အမိန့်ချခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ခုံရုံးရဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပြောပါတယ်။

အခုလို ဆုံးဖြတ်တဲ့အမိန့်အပေါ် မကျေနပ်ပါက နည်းဥပဒေ၉၉အရ တန်ပြန်ပြင်ဆင်မှုကို ၁၅ရက်အတွင်း တင်ပြနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာအမှု ပေါင်း ၆ မှု ရှိပြီး ပြည်ခိုင်ဖြိုးပါတီက ဒီချုပ်ကို တိုင်ကြားထားတဲ့ အမှု ၅ခုနဲ့ ဒီချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားထားတဲ့ အမှုတစ်ခုတို့ဖြစ်ပါတယ်။

အဲဒီ့တိုင်ကြားမှုတွေထဲက လက်ရှိအထိ အမှု၅ခုကို အမိန့်ချထားပြီး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်သာ ဆက်လက် ရပ်တည်ခွင့် ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ နောက်ဆုံး ကျန်ရှိတဲ့ ကန့်ကွက်လွှာအမှုအမှတ်၆ကိုတော့ လာမယ့် ၂၈ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်