ဦးကိုနီအမှုမှာ လေဆိပ် CCTV က ဓာတ်ပုံတွေသက်သေတင်သွင်းတာကို တစ်ဖက်က ကန့်ကွက်

  • 7 years ago
ရှေ့နေ ဦးကိုနီ သေဆုံးခဲ့တဲ့နေ့က ရိုက်ကူးထားတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်း CCTV ဗီဒီယိုဖိုင်တွေထဲက ရရှိတဲ့ ဓာတ်ပုံတွေ သက်သေအဖြစ် တင်သွင်းတဲ့အပေါ် တဖက် ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ တဖက် ရှေ့နေတွေရဲ့ အဲဒီလို ကန့်ကွက်မှုအပေါ် တရားရုံးက ပယ်ချခဲ့ပါတယ်။သက်သေ ဓာတ်ပုံတွေ အပေါ် တဖက်ရှေ့နေတွေက ကန့်ကွက်တာနဲ့ ပတ်သက်ပြီး အသတ်ခံရသူ ရှေ့နေ ဦးကိုနီ ဇနီး ဒေါ်တင်အေးရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဌေးက ဆိုပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ တရားလို သက်သေ သုံးဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး အခုဆိုရင် သက်သေ ၃၁ ဦး စစ်ဆေးပြီးပြီလို့ ဦးခင်မောင်ဌေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက စီစီတီဗီ မှတ်တမ်းခွေ သုံးခွေ တင်သွင်းခဲ့ပြီး ဒီတစ်ပက်ရုံးချိန်းမှာ စီစီတီဗီထဲက ထုတ်နှုတ်ထားတဲ့ ဓာတ်ပုံတွေကို ဆက်လက် တင်သွင်းတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ခုနှစ်လကျော်လာပြီ ဖြစ်ပြီး ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ တရားခံ ကြည်လင်း အပါအဝင် ငါးဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ