မန္တလေးက အလုပ်သမား ၅၀၀ ကျော်က လုပ်ခလစာတိုးပေးဖို့ တောင်းဆို

  • 7 years ago
မန္တလေးမြို့ က အလုပ်သမား ၅၀၀ ကျော်ဟာ လုပ်ခလစာတွေကို အမြန်ဆုံးတိုးမြင့်ပြင်ဆင် သတ်မှတ်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တစ်ရက် လုပ်ခလစာ ကျပ် ၃၆၀၀ ဟာ မလုံလောက်တဲ့ အတွက် အစိုးရအနေနဲ့ အမြန်ဆုံးတိုးမြင့်ပေးဖို့ စက်ရုံ ၁၅ရုံခန့်မှ အလုပ်သမား ၅၀၀ကျော်က ဒီနေ့ စက်တင်ဘာ၁၇ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ လုပ်ခလစာတိုးမြင့်သတ်မှတ်ပေးဖို့ ၊ အလုပ်သမားအငြင်းပွားမှု ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်း သတ်မှတ်ပေးဖို့ ၊ အလုပ်သမားတရားရုံး အမြန်ပေါ်ပေါက်ဖို့ ၊ ILO ပြဌာန်းချက် အမှတ် (၉၈)ကို အစိုးရက လက်မှတ်ရေးထိုးပေးဖို့ ၊၊ OSH ဥပဒေအမြန်ဆုံးပြဌာန်းပေးဖို့ ၊ာ ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ်တွေကို ဖြုတ်ချပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုကြတာ ဖြစ်ပါတယ်။

လုပ်ခလစာက နှစ်နှစ်ကို တစ်ကြိမ် ခေတ်ကာလအနေအထားအရ ပြင်ဆင်လို့ရပြီး ဒီနှစ်က ပြင်ဆင်ရမယ့်နှစ်ဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်ကော်မတီဥက္ကဌ ဦးမင်းသက်ထွေးကပြောပါတယ်။

ရုပ်သံသတင်းထောက်-ဖြိုးဖြိုးဇော်