ကျပ် ၅၀၀ တန်ထီကို တိုးထုတ်ပြီး ဆုမဲတွေ ထပ်တိုးပေးသွားမယ်

  • 7 years ago
ကျပ် ၅၀၀ နဲ့ရောင်းချပေးနေတဲ့ ထီလက်မှတ်တွေကို ဇူလှိုင်လမှာတိုးထုတ်ပြီး ဆုမဲများထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ တစ်နှစ်အတွင်းဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ထီရောင်းရငွေရဲ့ ခြောက်ဆယ်ရာခိုင်းနှုန်းကို ဆုကြေးအဖြစ်သက်မှတ်ပေးပြီး လေးဆယ်ရာခိုင်းနှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းတာဖြစ်ပါတယ်။ ခုကျပ်ငါးရာတန်ထီလက်မှတ်ရောင်းရငွေမှ ဘီလီယံတစ်ရာကျော်အခွန်ရရှိမယ်လို့ မျှော်မှန်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- မောင်သင်တုန်း