ဒေါ်အောင်ဆန်းစုကြည် ပန်လေ့ရှိတဲ့နှင်းဆီပန်းလေးတွေ ပျိုးထောင်ရာ

  • 7 years ago
ဒီခြံထဲက နှင်းဆီပန်းလေးတွေကို ခြံထဲမရောက်ဖူးတဲ့တိုင် မြင်ဖူး တွေ့ဖူးနေကြမှာပါ။

နိုင်ငံတော်ရဲ့အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပန်ဆင်ထားလေ့ရှိတဲ့ နှင်းဆီပန်းလေးတွေက ဒီခြံထွက်ပန်လေးတွေကြောင့် ဖြစ်ပါတယ်။ပြင်ဦးလွင်မှာရှိတဲ့ ဒီတော်ဝင်နှင်းဆီခြံက ထွက်တဲ့ နှင်းဆီပန်းတွေထဲက ဒေါ်အောင်ဆန်းစုကြည်ပန် ဆင်ဖို့ မှာရင်မှာသလို ပို့ပေးရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခမ်းအနားတွေတက်ဖို့ဆိုရင် ပွဲရက်မတိုင်မီတစ်ရက်အလိုကြိုမှာလေ့ရှိပြီး ကားနဲ့ ပို့ပေးရတယ်လို့ဆိုပါတယ်။ ဒီနှင်းဆီခြံလေးက ကန်တော်ကြီးအမျိုးသားဥယျာဉ်ကနေ သုံးမိုင်ကျော်လောက်အဝေးမှာပဲရှိပါတယ်။ မိသားစု အားလပ်ရက်တွေ ရုံးပိတ်ရက်တွေမှာ ပြင်ဦးလွင်မြို့လေးကို သွားလည်ပတ်ရင်းနဲ့ နှင်းဆီခြံ လေးကိုသွားလည်လို့ရပါတယ်။

အဲဒီခြံလေးမှာ နှင်းဆီအမျိုးပေါင်း ၃၀၀ကျော် စိုက်ပျိုးထားတာဖြစ်ပါတယ်။ဧက ၅၀ကျော်ကျယ်ဝန်းတဲ့ အင်းထိပ်ဦးကျေးရွာမှာ တည်ရှိပြီး စီးပွားဖြစ် နှင်းဆီပျိုးပင်တွေ ရောင်းတဲ့ခြံဖြစ်ပေမယ့် မိသားစုလိုက်အပန်းဖြေအနားယူနိုင်မှာဖြစ်ပါတယ်။ နှင်းဆီပန်းပျိုးပင်တွေကို စီးပွားဖြစ် ရောင်းတာ လေးနှစ်လောက်ပဲ ရှိသေးပေမယ့် ခြံစစိုက်ပျိုးချိန်တုန်းက နှင်းဆီအမျိုးပေါင်း ၂၀၀နီးပါးက စတင်ခဲ့ပါတယ်။

အခုတော့ နှင်းဆီ အမျိုးပေါင်း ၃၀၀ကျော်ရှိပြီး ပြည်တွင်းပန်းမျိုးတွေအပြင် တရုတ်နိုင်ငံအပါအဝင်ပြည်ပက ပန်းမျိုးတွေကို စိုက်ပျိုးရောင်းချပေးနေတာပါ။ ရေမွှေးနှင်းဆီ၊ ကျောက်နှင်းဆီ၊ မြေပြန်ဒေသတွေမှာ တွေ့ရနည်းလာတဲ့ တစ်ကိုင်းမှာ လေးငါးပွင့် ပွင့်လေ့ရှိတဲ့ နှင်းဆီမျိုးတွေကိုပါ မြင့်တွေရမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-ဖြိုးဖြိုးဇော်