ဝန်ကြီးတွေနဲ့ဒုဝန်ကြီးတွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မယ်

  • 7 years ago
ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လေ့လာသုံးသပ် စိစစ်မှာ ဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဇွန်လ ၂၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ဗဟိုကော်မတီ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန်က ပြောလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အစိုးရ တာဝန်ယူနေစဉ် တစ်နှစ်ကျော် သက်တမ်းကာလ အတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စိုက်ပျိုးရေး ၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး တစ်ဦးတို့ကို တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်