အရပ်ဖက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်ကနေ ဘာတွေထွက်လာလဲ

  • 7 years ago
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်က ရရှိလာတဲ့ အချက်တွေကို ဒီနေ့ (မေလ ၁၇ ) ညနေ ၄ နာရီမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း လေးခုကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကနေ အထောက်အကူပြုတဲ့ အကြံဥာဏ်တွေ ပေးပို့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက အရပ်ဘက်အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေး ဖိုရမ်ကို တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပခဲ့တာ အခုဆို (၁၆) ကြိမ်မြောက် ရှိခဲ့ပါပြီ။ ဒီ ( ၁၆) ကြိမ်မြောက် ဖိုရမ်ကိုတော့ ရန်ကုန်မြို့ ၊ Excel Treasure Hotel မှာ မေလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကျင်းပခဲ့တာပါ။ ဖိုရမ်က ရရှိလာတဲ့ အချက်တွေ အားလုံးကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့ဆီ လိပ်မူပြီး ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ