ပြည်သူ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရကြား ချိတ်ဆက်မှု အားနည်းနေဆဲ

  • 7 years ago
ဒီချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရ ဖြစ်လာခဲ့ပေမယ့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အခြေအနေကို ကြည့်ရင် လက်ရှိအချိန်ထိ ပြည်သူ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရကြား ကွန်ယက်ချိတ်ဆက်မှုကတော့ အားနည်းနေဆဲပဲလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆိုရင်လည်း ပြည်သူလူထုအတွက် ကော်မတီများစွာ ရှိနေပေမယ့် တကယ်တမ်းမှာ ကော်မတီဝင်တွေနဲ့ ပြည်သူတွေကြား ချိတ်ဆက်ဆောင်ရွက်မှု အားနည်းနေဆဲပဲလို့ သင်္ကန်းကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့ အစိုးရကြား ချိတ်ဆက်ညှိနှိုင်းမှု အားကောင်းဖို့ အလုပ်ရုံဆွေးနွေးပွဲ တခု ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ