ကျပ်သိန်းတစ်ရာအောက် တိုက်ခန်းတွေရဖို့ဖြစ်လာမှာလား

  • 7 years ago
တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်ဖို့ နည်းလမ်းရှာဖွေနေပြီး တစ်နိုင်ငံလုံးမှာ အခန်းပေါင်း တစ်သိန်းကျော် အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းရရှိပါတယ်။ ၀င်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာတွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်းရေးဆွဲဆောက်လုပ်နေတာပါ။ နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ခြင်းကိုတော့ ဧပြီအတွင်းရွေးချယ်သွားမှာဖြစ်ပြီး အနည်းဆုံး ကုမ္ပဏီနှစ်ခုနဲ့ အများဆုံး ကုမ္ပဏီငါးခုကို တည်ဆောက်ခြင်း လုပ်ကိုင်ခွင့်ချပေးသွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊မိုးညို