လားရှိုးမှာ ကျင်းပဖို့ပြင်ထားတဲ့ ရှမ်းနှစ်သစ်ကူးပွဲ တောင်ကြီးမှာပဲကျင်းပ

  • 7 years ago
ရှမ်းနှစ်၂၁၁၁ ခုနှစ် နှစ်သစ်ကူးပွဲတော်နဲ့ ရိုးရာ မီးပုံးပျံ လွှတ်တင်ပွဲကို စတင်ကျင်းပနေပါပြီ။ ဒီနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပြီးမှ နယ်မြေဒေသ မအေးချမ်းတာကြောင့် တောင်ကြီးမြို့မှာ ကျင်းပတာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ခြောက်ရက်တိုင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပသွားမှာပါ။ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်မှာ နေ့လွှတ် မီးပုံးပျံ ၁၄၁ လုံး၊ ညမီးကြီး အမျိုးအစား ပြိုင်ပွဲဝင် မီးပုံးပျံ ၂၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၉ လုံး ပြိုင်ပွဲဝင် မီးပုံးပျံ စုစုပေါင်း ၁၇၉ လုံး လွှတ်တင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- ဂျွန်ချစ်ငြိမ်း