ဘင်္ဂါလီတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲမှုတွေကို မြန်မာအစိုးရ စုံစမ်းစစ်ဆေးမယ်လို့ဆို

  • 7 years ago
ဘင်္ဂါလီ မျိုးနွယ်စုတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရက စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ရပ်မှာ မြန်မာနိုင်ငံ အနောက်ပိုင်းက ဘင်္ဂါလီ မျိုးနွယ်စုတွေ အနေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ ကြုံတွေ့ ခံစားနေရကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယား ခရီးစဉ်မှာ သမ္မတ ဦးထင်ကျော် အနေနဲ့ ရှေးဟောင်း အန်ကောဝတ် ကျောင်းတော်ကို သွားရောက် လည်ပတ်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမယ်လို့လည်း သိရပါတယ်။