တိုင်းအစိုးရက မ.ထ.သ ရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ယူ

  • 7 years ago
မ.ထ.သရဲ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကဖွဲ့စည်းထားတဲ့အဖွဲ့က စစ်တမ်းကောက်နေပြီလို့ မ.ထ.သ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဌာနမှူးဦးမောင်မောင်လွင်ကပြောပါတယ်။ အဲဒီ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကစစ်တမ်းကောက်ပြီး ရင် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်မယ်လို့လည်း ဦးမောင်မောင်လွင်ကပြောပါတယ်။ ငွေစာရင်းကတော့ အားလုံးပေါင်းရင် သိန်းပေါင်းမနည်းဘူးလို့သာပြောကြားခဲ့ပြီး အတိအကျမသိရှိရပါဘူး။ လာမယ့်ဇန်နဝါရီ၁၅ရက်နေ့ညပိုင်းကစလို့ မ.ထ.သကိုအပြီးသတ်ဖျက်သိမ်းပြီး အများပိုင်းယာဉ်လိုင်းတွေနဲ့စတင်တော့မှာပါ။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended