မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၈ ဦး တိုးချဲ့ဖွဲ့စည်းလိုက်ပြီ

  • 7 years ago
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာနအလိုက် ဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်မှုကို လွှတ်တော်ဥက္ကဋ္ဌဦးတာက မကွေးတိုင်းဒေသကြီးလွှတ်တာ် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို အောက်တိုဘာလ ၄ ရက်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လူမှုရေးဝန်ကြီးဌာနအသစ် တိုးချဲ့ခဲ့တာကြောင့် ဝန်ကြီးသစ်အဖြစ် ဦးနေမျိုးကျော်ကို စက်တင်ဘာ ၃၀ ရက် လွှတ်တောက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌတင်ပြရာမှာ ဝန်ကြီးအသစ် ဦးနေမျိုးကျော်ကို အလုပ်သမားဝန်ကြီးအဖြစ် တင်ပြခြင်းအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ဦးနေမျိုးကျော်ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ပေးသင့်ကြောင်း အကြံပြုတင်ပြခဲ့ပါတယ်။ အကြံပြုတင်ပြရခြင်းအပေါ် ဦးတင်သောင်းက အခုလိုပြောပါတယ်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌတင်ပြခဲ့တဲ့ ဝန်ကြီးတွေ ပြောင်းလဲတာဝန်ပေးအပ်မှုကို လွှတ်တော်က ထောက်ခံအတည်ပြုခဲ့လို့ အလုပ်သမားဝန်ကြီးဖြစ်လာတဲ့ ဝန်ကြီးဦးနေမျိုးကျော်က အခုလို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အရင်က ဝန်ကြီး ၇ ဦးရှိပြီး အခုအခါ ဝန်ကြီး ၈ ဦးနဲ့ အစိုးရအဖွဲ့တိုးချဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။
(မကွေးသတင်းထောက် မိုးကျော် ရိုက်ကူးတင်ဆက်ထားပါတယ်။)