မြစိမ်းရောင်စီမံကိန်း နိုင်ငံ့လူဦးရေ၏ ၀.၇၉ရာခိုင်နှုန်းသာ အထောက်အကူပြု နေ

  • 7 years ago
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိတဲ့ မြစိမ်းရောင် ကျေးလက်ရံပုံငွေစီမံကိန်းကနေ နိုင်ငံ့လူဦးရေရဲ့ ၀ ဒသမ ၇၉ ရာခိုင်နှုန်းကို အထောက်အကူပြုနေတယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဒီကျေးလက်ရံပုံငွေစီမံကိန်းကို ကိုးရီးယားနဲ့ ထိုင်းနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကို အခြေခံပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာကို ကျပ်ငွေ - သိန်း၃၀၀ ကို အရင်းမပျောက် ရံပုံငွေအဖြစ် ဒီကျေးရွာတွေကို ထူထောင်ထားတာဖြစ်ပါတယ်။
ကျေးရွာတစ်ရွာအတွက် ငွေကျပ်သိန်း ၃၀၀ကို မတည်ရံပုံငွေအဖြစ် ထောက်ပံပေးထားပြီး ကျေးရွာရံပုံငွေကြီးကြပ်မှု ကော်မတီက ကျေးရွာနေ အိမ်ထောင်စု တစ်စုကို ၀ ဒသမ ၅ - ၁ ဒသမ ၅ အတိုးနှုန်းနဲ့ ချေးငွေများ ပြန်လည်ထုတ်ချေး နေခြင်းဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈၀က ကျေးရွာပေါင်း ၁၄၅၀ မှာ အကောင်အထည်ဖော်ဆောင် ရွက်နေတာဖြစ်ပါတယ်။
ဒီစီမံကိန်းကနေ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်လုပ်ငန်း၊ ကျေးရွာမီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ တစ်ခြား အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေတဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၃ သိန်းကို အထောက်အကူပြုနေတယ်လို့ မွေးရေ/ကျေးလက်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။