စက္႐ံုမ်ားေရွ႕ တဲထိုးၿပီး ေငြေတာင္းခံမႈမ်ားသည္ ေငြညႇစ္ေတာင္းခံမႈမ်ားသာ ျဖစ္သည္ဟု နယ္လံုဝန္ႀကီးဆို

  • 7 years ago
ZawGyi-
လိႈင္သာယာစက္မႈဇုန္ ႏွင့္ ေရႊလင္ပန္းစက္မႈဇုန္မ်ားေရွ႕တြင္ တဲထိုးပိတ္ပင္ကာ ေငြေတာင္းခံေနမႈမ်ားသည္ ေျမယာအျငင္းပြားမႈ ကိစၥမဟုတ္ဘဲ ေငြညႇစ္ေတာင္းခံျခင္းသာျဖစ္သည္ဟု ရန္ကုန္တိုင္းေဒသႀကီး လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက လႊတ္ေတာ္၌ ေျဖဆိုခဲ့သည္။

"စက္ရံုေတြေရွ႕မွာ တဲထိုးၿပီး တားဆီးပိတ္ပင္တာ ေငြညႇစ္ၿခိမ္းေျခာက္တာ ေျမယာအျငင္းပြားမႈမဟုတ္ပါဘူး။ ဒါက ေငြညႇစ္ၿခိမ္းေျခာက္တဲ့အမႈသာ ျဖစ္ပါတယ္" ဟု ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ဆုိသည္။

ေမလ ၁၅ရက္က က်င္းပသည့္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ စတုတၳပံုမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔၌ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစႏၵာမင္း၏ "စက္႐ံုမ်ားေရွ႕၌ တဲထိုး၍ တားဆီးပိတ္ပင္ကာ ေငြညႇစ္ၿခိမ္းေျခာက္မႈမ်ားသည္ ေျမယာအျငင္းပြားမႈကိစၥ ျဖစ္ပါသလား" ဆိုသည့္ ေမးျမန္းမႈကို ဝန္ႀကီးက ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေငြေတာင္းခံမႈမ်ားႏွင့္ ပတ္သက္ၿပီး တရားမမႈျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာ ကာယကံရွင္မ်ားက ရဲစခန္းမ်ားကို တိုင္ၾကားမွသာ အေရးယူေဆာင္ရြက္၍ရသည္ဟု နယ္လံု ဝန္ႀကီးက ေျဖဆိုခဲ့သည္။ လက္ရိွအခ်ိန္တြင္ အဆိုပါ ေငြေတာင္းခံမႈမ်ားအား အမႈဖြင့္အေရးယူထားၿပီး တရားရံုး၌ အမႈစစ္ေဆးဆဲသာျဖစ္သည္ဟု နယ္လံုဝန္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ဆိုသည္။

လိႈင္သာယာစက္မႈဇုန္ ႏွင့္ ေရႊလင္ပန္းစက္မႈဇုန္ရိွ လုပ္ငန္းလည္ပတ္ေနသည့္ စက္ရံုမ်ား ေရွ႕တြင္ တဲမ်ားထုိးၿပီး ေငြေတာင္းခံမႈမ်ားသည္ ၂၀၁၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစၿပီး ေပၚေပါက္လာျခင္းျဖစ္ၿပီး ကုမၸဏီအခ်ဳိ႕သည္ အမႈဖြင့္ ရင္ဆုိင္ျခင္းမရိွဘဲ ေငြေၾကးျဖင့္သာ ေျဖရွင္းခဲ့ၾကျခင္းမ်ား ရိွေနခဲ့သည္။

Unicode-
လှိုင်သာယာစက်မှုဇုန် နှင့် ရွှေလင်ပန်းစက်မှုဇုန်များရှေ့တွင် တဲထိုးပိတ်ပင်ကာ ငွေတောင်းခံနေမှုများသည် မြေယာအငြင်းပွားမှု ကိစ္စမဟုတ်ဘဲ ငွေညှစ်တောင်းခံခြင်းသာဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက လွှတ်တော်၌ ဖြေဆိုခဲ့သည်။

"စက်ရုံတွေရှေ့မှာ တဲထိုးပြီး တားဆီးပိတ်ပင်တာ ငွေညှစ်ခြိမ်းခြောက်တာ မြေယာအငြင်းပွားမှုမဟုတ်ပါဘူး။ ဒါက ငွေညှစ်ခြိမ်းခြောက်တဲ့အမှုသာ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။

မေလ ၁၅ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့၌ ဆိပ်ကြီးခနောင်တိုမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ "စက်ရုံများရှေ့၌ တဲထိုး၍ တားဆီးပိတ်ပင်ကာ ငွေညှစ်ခြိမ်းခြောက်မှုများသည် မြေယာအငြင်းပွားမှုကိစ္စ ဖြစ်ပါသလား" ဆိုသည့် မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငွေတောင်းခံမှုများနှင့် ပတ်သက်ပြီး တရားမမှုဖြစ်သောကြောင့် သက်ဆိုင်ရာ ကာယကံရှင်များက ရဲစခန်းများကို တိုင်ကြားမှသာ အရေးယူဆောင်ရွက်၍ရသည်ဟု နယ်လုံ ဝန်ကြီးက ဖြေဆိုခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ငွေတောင်းခံမှုများအား အမှုဖွင့်အရေးယူထားပြီး တရားရုံး၌ အမှုစစ်ဆေးဆဲသာဖြစ်သည်ဟု နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။

လှိုင်သာယာစက်မှုဇုန် နှင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ လုပ်ငန်းလည်ပတ်နေသည့် စက်ရုံများ ရှေ့တွင် တဲများထိုးပြီး ငွေတောင်းခံမှုများသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကုမ္ပဏီအချို့သည် အမှုဖွင့် ရင်ဆိုင်ခြင်းမရှိဘဲ ငွေကြေးဖြင့်သာ ဖြေရှင်းခဲ့ကြခြင်းများ ရှိနေခဲ့သည်။

Recommended