ၾကားျဖတ္ေရြးေကာက္ပြဲတြင္ မဲ႐ံုတာဝန္က်သူအခ်ဳိ႕ စည္းကမ္းလိုက္နာမႈ အားနည္းဟုဆုိ

  • 7 years ago
ZawGyi-
၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲအတြင္း မဲ႐ုံမ်ားတြင္ တာဝန္က်သူမ်ားအေနျဖင့္ လိုက္နာရမည့္ စည္းမ်ညစည္းကမ္းမ်ားကို လိုက္နာမႈမရွိဘဲ အားနည္းေနေၾကာင္း ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေနေသာ အဖြဲတစ္ဖြဲ႕ျဖစ္သည့္ EEOP အဖြဲ႔က မနန္းေမြဆိုင္က ေျပာသည္။

၎က ဧၿပီလ ၃ ရက္က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္တြင္ က်င္းပျပဳလုပ္သည့္ ၂၀၁၇ခုႏွစ္၊ ဧၿပီ ၁ရက္က က်င္းပခဲ့သည့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲဆိုင္ရာ ေစာင့္ၾကည့္မႈ ကနဦး အစီအရင္ခံစာအေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသြားခဲ့ျခင္းျဖစ္သည္။

"သူတို႔ က်င့္ဝတ္ေတြ နည္းနည္းနားလည္တာေတြ လြဲေခ်ာ္ေနတယ္ေပါ့။ တခ်ိဳ႕ပါတီေတြဘက္ကဆိုရင္ ပါတီဆို ပါတီအက်ႌမဝတ္ရဘူး။ ေနာက္ၿပီး ပါတီနဲ႔ပတ္သတ္တဲ့ဟာ ရင္ထိုးေတြ ဘာေတြ တပ္ၿပီးေတာ့ မဝတ္ရဘူး ဆိုေပမဲ့ တခ်ိဳ႕ကတပ္ၿပီးဝတ္တယ္ မဲ႐ုံမွဴးေတြကိုယ္တိုင္က တပ္ၿပီးဝတ္တာ ေတြ႔ရတယ္ အဲ့လိုမ်ိဳးေတြေတြ႔ရတယ္" ဟု EEOP အဖြဲ႔မွ ရွမ္းျပည္နယ္တြင္ ေဒတာေကာက္ခံသူ မနန္းေမြဆိုင္က ဆိုသည္။

မဲ႐ုံမ်ားတြင္ တာဝန္က်သူမ်ား စည္းကမ္းလိုက္နာမႈ အားနည္းျခင္းေၾကာင့္ ေ႐ြးေကာက္ပြဲသင္တန္းမ်ား ေသခ်ာေပးရန္ လိုေနေသးေၾကာင္း သူက ဆက္ေျပာသည္။

မဲေပးရာတြင္ မဲ႐ုံထဲသို႔ အစုလိုက္အၿပံဳလိုက္ဝင္ေရာက္ မဲေပးျခင္းမ်ားကို ေတြ႔ခဲ့ရၿပီး ယခုလို မဲ႐ုံတာဝန္က်သူမ်ား၏ အားနည္းမႈမ်ားကို ရွမ္းျပည္နယ္ က်ဳိင္းတုံၿမိဳ႕ ႏွင့္ ေညာင္ေရႊၿမိဳ႕တို႔တြင္ ေတြ႔ခဲ႔ရသည္။

၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ဧၿပီလ (၁) ရက္ေန႔က က်င္းပခဲ့ၿပီး မဲဆႏၵနယ္(၁၉)ေနရာ၊ ၿမိဳ႕နယ္ (၂၂) ခု ႏွင့္ မဲ႐ုံေပါင္း (၂၀၀၀) ပါဝင္ခဲ့သည္။


Unicode-
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲရုံများတွင် တာဝန်ကျသူများအနေဖြင့် လိုက်နာရမည့် စည်းမျညစည်းကမ်းများကို လိုက်နာမှုမရှိဘဲ အားနည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသော အဖွဲတစ်ဖွဲ့ဖြစ်သည့် EEOP အဖွဲ့က မနန်းမွေဆိုင်က ပြောသည်။

၎င်းက ဧပြီလ ၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၇ခုနှစ်၊ ဧပြီ ၁ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်မှု ကနဦး အစီအရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

"သူတို့ ကျင့်ဝတ်တွေ နည်းနည်းနားလည်တာတွေ လွဲချော်နေတယ်ပေါ့။ တချို့ပါတီတွေဘက်ကဆိုရင် ပါတီဆို ပါတီအကျႌမဝတ်ရဘူး။ နောက်ပြီး ပါတီနဲ့ပတ်သတ်တဲ့ဟာ ရင်ထိုးတွေ ဘာတွေ တပ်ပြီးတော့ မဝတ်ရဘူး ဆိုပေမဲ့ တချို့ကတပ်ပြီးဝတ်တယ် မဲရုံမှူးတွေကိုယ်တိုင်က တပ်ပြီးဝတ်တာ တွေ့ရတယ် အဲ့လိုမျိုးတွေတွေ့ရတယ်" ဟု EEOP အဖွဲ့မှ ရှမ်းပြည်နယ်တွင် ဒေတာကောက်ခံသူ မနန်းမွေဆိုင်က ဆိုသည်။

မဲရုံများတွင် တာဝန်ကျသူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရွေးကောက်ပွဲသင်တန်းများ သေချာပေးရန် လိုနေသေးကြောင်း သူက ဆက်ပြောသည်။

မဲပေးရာတွင် မဲရုံထဲသို့ အစုလိုက်အပြုံလိုက်ဝင်ရောက် မဲပေးခြင်းများကို တွေ့ခဲ့ရပြီး ယခုလို မဲရုံတာဝန်ကျသူများ၏ အားနည်းမှုများကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့ နှင့် ညောင်ရွှေမြို့တို့တွင် တွေ့ခဲ့ရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့ပြီး မဲဆန္ဒနယ်(၁၉)နေရာ၊ မြို့နယ် (၂၂) ခု နှင့် မဲရုံပေါင်း (၂၀၀၀) ပါဝင်ခဲ့သည်။

Category

🗞
News

Recommended