• 5 years ago
ကမ္ဘာ့ အန္တရာယ် အရှိဆုံးမျိုးစိတ်

ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံးသတ္တဝါလို့ ပြောလိုက်တာနဲ့ တော်တော်များများက ခြင်္သေ့တွေ၊ ငါးမန်းတွေ၊ မိကျောင်းတွေ လို့ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ခုနက အကောင်တွေထက် ပိုပြီးတော့ လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာကတော့ ခြင်တွေပဲဖြစ်ပါတယ်။ အင်းဆက်မျိုးနွယ်တွေထဲကမှ လူသားမျိုးနွယ်တစ်ခုလုံးအပြင် အခြားသတ္တဝါတွေကိုပါ စိတ်ဒုက္ခအပေးနိုင်ဆုံးနဲ့ အန္တရာယ် အဖြစ်စေဆုံး သတ္တဝါတွေပါ။ ကမ္ဘာပေါ်မှာ နှစ်စဥ် လူတစ်သန်းကျော်လောက် သေဆုံးနေရပြီး အဓိက အကြောင်းရင်းကတော့ ခြင်ကနေကူးစက်တတ်တဲ့ ငှက်ဖျားရောဂါကြောင့်ပဲ ဖြစ်ပါတယ်။

Website: https://www.thinyupar.com
Facebook: https://www.facebook.com/ThinyuparOfficial
Instagram: https://www.instagram.com/thinyupar_official
Twitter: https://www.twitter.com/Thinyupar1
Pinterest: https://www.pinterest.com/ThinYuPar
Youtube: https://www.youtube.com/channel/UC-5RC5a-sRCPM7_mqk598VA

#thinyupar #သင်ယူပါ #ကျန်းမာရေး #သွေးလွန်တုပ်ကွေး

Category

📚
Learning

Recommended