အိန္ဒိယနိုင်ငံက ဆန္ဒပြပွဲတွေပြင်းထန်
**********************
အိန္ဒိယ အစိုးရရဲ့ အငြင်းပွားဖွယ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ၅ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေနဲ့ ရဲတွေကြား အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် အာသံမှာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့က စခဲ့တဲ့ ဆန္ဒပြမှုတွေက တခြားတက္ကသိုလ်ကျောင်းဝန်းတွေထိ ပျံ့နှံ့သွားခဲ့ပြီး အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မူဆလင်အများစုရှိတဲ့ နိုင်ငံ ၃ ခုက မူဆလင်ဘာသာဝင်မဟုတ်သူတွေကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးတဲ့ ဥပဒေကြောင့် အငြင်းပွားမှု ဖြစ်ခဲ့တာပါ။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။
(zawgyi)
**********************

Category
🗞
News