ကြက်အလှပြိုင်ပွဲ
************
"ဒီကြက်ကို အမြဲတမ်းသနေတာ အရူးလို့ ပြောကြတယ်။ သူ့ရဲ့အလှပုံ၊ နေပုံကို ကြည့်လိုက်ရင် အမောပြေတယ်။ လင်မယားချင်းက အစ စကားများတာတွေ၊ ဘာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ကျွန်တော် ဝါသနာပါလို့ မွေးတယ်။ ဒီကြက်လေးတွေ မွေးကြည့်ပါ။ ဝါသနာပါတဲ့သူတွေ သိသွားလိမ့်မယ် မွေးရင်းနဲ့။ ပြိုင်ပွဲမှာ ဆုရရ၊ ဆုမရရ။
သူ့ရဲ့အလှအပလေးတွေ၊ ကော့တာလေးတွေက မော်ဒယ်တစ်ယောက်နဲ့ နှိုင်းယှဉ်လို့ ရတယ်။ မော်ဒယ်တွေထက် ဆယ်ဆသာတယ်" လို့ သန်လျင်မြို့က အလှမွေးကြက်ဝါသနာရှင် ကိုပေါက်စီက ပြောပါတယ်။
အိမ်မွေးတိရစ္ဆာန်မွေးမြူသူတွေကြားမှာ အလှမွေးကြက်တွေဟာလည်း စိတ်ဝင်စားမှုနဲ့ ဝယ်ယူမှုတွေရှိနေသလို အလှမွေးကြက်ဝါသနာရှင်တွေက ကြက်အလှပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်လာပါတယ်။
လက်ရှိအလှမွေးကြက်စျေးကွက်မှာ မြန်မာမျိုးဖြစ်တဲ့ တညင်ကြက်၊ ရွှေတစ်ဆုပ်တို့အပြင် နိုင်ငံခြားမျိုးစိတ်တွေလည်းရှိနေပေမယ့် ကြက်အလှပြိုင်ပွဲမှာတော့ မလေးရှားနိုင်ငံမျိုးရင်းဖြစ်တဲ့ တိန်ညင်ကြက်မျိုးနွယ် ဆော်လမွန်ကြက်တစ်မျိုးတည်းနဲ့ပဲ ပြိုင်လေ့ရှိပါတယ်။
အလှမွေးကြက်ဝါသနာရှင်တွေအနေနဲ့ သူတို့ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြက်ရဲ့အလှအပကို အခုလိုပြိုင်ပွဲတွေမှာ ပွဲထုတ်လေ့ရှိကြပါတယ်။
ဆော်လမွန်ကြက်ဆိုတာကတော့ အိမ်မွေးကြက်ပုလေးတွေပဲဖြစ်ပြီး ပြိုင်ပွဲမှာတော့ ဦးခေါင်း၊ အမောက်၊ အရောင်အသွေး၊ အမွှေး၊ အတောင်၊ အမြီး၊ ခြေထောက် စတာတွေရဲ့ အလှအပကိုကြည့်ပြီး အကဲဖြတ်ကြပါတယ်။ အဲ့ဒီလို စံချိန်စံညွှန်းပြည့်မီမှုအပေါ်မူတည်ပြီး ဆော်လမွန်ကြက်အကြီးတစ်ကောင်ရဲ့ တန်ဖိုးဟာ သောင်းဂဏန်းကနေ ဆယ်သိန်းနဲ့ ဆယ့်ငါးသိန်းအထိ ပေါက်စျေးရှိနေတယ်လို့ စျေးကွက်အတွင်းကနေ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ဒီလိုအလှမွေးကြက်ပြိုင်ပွဲတွေ၊ အမှတ်ပေးအကဲဖြတ်မှုတွေအဓိက ပြုလုပ်နေပြီး လှပမှုအရည်အသွေးပြည့်မီတဲ့ ဆော်လမွန်ကြက်တွေကို မလေးရှားနိုင်ငံမှာ အများဆုံးတွေ့နိုင်တယ်လို့လည်း သိရပါတယ်။
ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

Category
🗞
News