AA အတွက် စစ်သားစုဖို့ အခက်အခဲမရှိဘူး အခက်အခဲက လက်နက်ခဲယမ်း

  • 4 years ago
AA အတွက် စစ်သားစုဖို့ အခက်အခဲမရှိဘူး အခက်အခဲက လက်နက်ခဲယမ်း
မဇ္ဈိမ
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အကောင်အထည်ဖော် လာခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း NCA စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်ရာမှာတော့ အားနည်းနေသည်ကို တွေ့ရှိရပါသည်။

ဥပမာ- အခန်း (၃-၄-၆)ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာမှာ အငြင်းပွားနေကြသလို တချို့ ကိစ္စ ရပ်များ အကောင်အထည်ဖော်မှုများ မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ တဖက်မှာလည်း NCA စာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုးလာနိုင်ရန်အတွက် မြောက်ပိုင်းလေးဖွဲ့ KIA၊ TNLA၊ MNDAA၊ AA တို့ဖြင့် အစိုးရ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုးတက်မှုမရှိဘဲ ဖြစ်နေသည်။

ဆွေးနွေးမှု တိုးတက်မှုမရှိသည့် တခြားတဖက်မှာလည်း ရခိုင်ပြည်နယ်ထဲမှာ AA နှင့် တပ်မတော်ကြား တိုက်ပွဲ များဖြစ်နေသည်။ ထိုတိုက်ပွဲများကို မရပ်တန့်နိုင်ပါက ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးက လည်း အခက်အခဲများ ဖြစ်လာနိုင်ခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မည်သူများ နစ်နာနိုင်သလဲ မေး ခွန်းထုတ်စရာများ ဖြစ်လာသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)မှ အလုပ်အမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

(zawgyi)

AA အတြက္ စစ္သားစုဖို႔ အခက္အခဲမရွိဘူး အခက္အခဲက လက္နက္ခဲယမ္း
မဇၥ်ိမ
ျမန္မာႏုိင္ငံတြင္ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ကုိ အေကာင္အထည္ေဖာ္ လာခဲ့သည္မွာ ေလးႏွစ္ေက်ာ္ခဲ့ၿပီး ျဖစ္ပါသည္။ သုိ႔ေသာ္လည္း NCA စာခ်ဳပ္ပါ သေဘာတူညီခ်က္မ်ား အေကာင္အထည္ေဖာ္ရာမွာေတာ့ အားနည္းေနသည္ကို ေတြ႔ရွိရပါသည္။

ဥပမာ- အခန္း (၃-၄-၆)ပါ ျပ႒ာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ရာမွာ အျငင္းပြားေနၾကသလို တခ်ဳိ ႔ ကိစၥ ရပ္မ်ား အေကာင္အထည္ေဖာ္မႈမ်ား မလုပ္ႏုိင္ဘဲ ျဖစ္ေနေၾကာင္း သိရသည္။ တဖက္မွာလည္း NCA စာခ်ဳပ္မွာ ပါဝင္ လက္မွတ္ ေရးထုိးလာႏုိင္ရန္အတြက္ ေျမာက္ပုိင္းေလးဖြဲ႔ KIA၊ TNLA၊ MNDAA၊ AA တုိ႔ျဖင့္ အစိုးရ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေသာ္လည္း တုိးတက္မႈမရွိဘဲ ျဖစ္ေနသည္။

ေဆြးေႏြးမႈ တိုးတက္မႈမရွိသည့္ တျခားတဖက္မွာလည္း ရခုိင္ျပည္နယ္ထဲမွာ AA ႏွင့္ တပ္မေတာ္ၾကား တုိက္ပြဲ မ်ားျဖစ္ေနသည္။ ထုိတုိက္ပြဲမ်ားကို မရပ္တန္႔ႏုိင္ပါက ရခုိင္ျပည္နယ္မွာ ၂၀၂၀ ေရြးေကာက္ပြဲ က်င္းပႏုိင္ေရးက လည္း အခက္အခဲမ်ား ျဖစ္လာႏုိင္ျခင္းေၾကာင့္ ေရြးေကာက္ပြဲ မက်င္းပႏုိင္ပါက မည္သူမ်ား နစ္နာႏုိင္သလဲ ေမး ခြန္းထုတ္စရာမ်ား ျဖစ္လာသည္။

အဆုိပါ အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ လံုၿခံဳေရးဆုိင္ရာ ျမန္မာအင္စတီက်ဴ(MIPS)မွ အလုပ္အမႈေဆာင္ ညြန္ၾကားေရးမွဴး ေဒါက္တာမင္းေဇာ္ဦးကို မဇၥ်ိမ မီဒီယာမွ အယ္ဒီတာ ခ်စ္မင္းထြန္းက ေတြ႔ဆံု ေမးျမန္းထားပါသည္။

Recommended