အနာဂတ် စီမံကိန်းတွေမှာ မသန်စွမ်းသူတွေအတွက် ထည့်စဉ်းစားဖို့ ဒုသမ္မတ တိုက်တွန်း

  • 5 years ago
အနာဂတ် စီမံကိန်းတွေမှာ မသန်စွမ်းသူတွေအတွက် ထည့်စဉ်းစားဖို့ ဒုသမ္မတ တိုက်တွန်း

#MizzimaTV

မသန်စွမ်းသူတွေကို လျစ်လျူရှု၊ ချန်လှပ်ထားခြင်းက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်စီမံကိန်းတွေမှာ မသန်စွမ်းသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ ဒုတိယသမ္မတက အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို ကျင်းပတဲ့ MICC-2 လို နိုင်ငံတော်အဆင့် အဆောက်အဦတွေမှာတောင် မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားပြီး ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ဒီလိုချန်လှန်ထားခြင်းက အကျိုးဆက်အနေနဲ့ ဆိုးကျိုးတွေ အများကြီးရှိကြောင်း ကိုယ်တိုင်လည်း မသန်စွမ်းတစ်ဦးဖြစ်တဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူဝင်းက အခုလို ပြောပါတယ်။
ရိုက်ကူး - မင်းမင်း(မဇ္ဈိမ)
တည်းဖြတ် - ဝေမင်းဟန်
(zawgyi)

#MizzimaTV


တည်းဖြတ် - ဝေမင်းဟန်