NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ရင်ခွင်ထဲ တွန်းပို့လိုက်ရာ ရောက်တယ်

  • 4 years ago

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ရင်ခွင်ထဲ တွန်းပို့လိုက်ရာ ရောက်တယ်

မဇ္ဈိမ

မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်သည်ဟုဆိုကာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ပြစ်တင်ခြင်းနှင့်အတူ တရားစွဲဆို ခံထားရပါသည်။

အဆိုပါ စွပ်စွဲချက်သည် မြန်မာနိုင်ငံအတွက် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ပါ သနည်း အပါအဝင် မည်သို့ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါသနည်းဆိုသော မေးခွန်းများက မြန်မာနိုင်ငံသား များ အကြားမှာ သိလိုစိတ်များ ပြင်းပြလာခဲ့ကြသည်။

တဖက်မှာလည်း မြန်မာနိုင်ငံသည် ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေရပြီး ထိုက်သင့်သလောက် အောင်မြင်မှုမရဘဲ နှေးကွေးမှုများ ရှိနေခြင်းကြောင့် အစိုးရမှာ ဖိအားများ ရှိနေပြန်ပါသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးအဖြေရှာနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ဗမာတိုင်းရင်းသားများ၏ ကိုယ်စားပြုမှုမှာ မရှင်းလင်း ဘဲ ဖြစ်နေသလို တခြားသော လူမျိုးစုများ အသံများကလည်း ပါဝင်ခွင့်မရှိဘဲ ဖြစ်နေတာကို တွေ့ရပါသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ် စာရေးဆရာလည်း ဖြစ်သူ ဦးကျော်ဝင်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာဖြစ်သူ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
(zawgyi)
NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို တ႐ုတ္ရင္ခြင္ထဲ တြန္းပို႔လိုက္ရာ ေရာက္တယ္

မဇၩိမ

ျမန္မာႏိုင္ငံသည္ လူမ်ိဳးတုန္း သတ္ျဖတ္သည္ဟုဆိုကာ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)မွာ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲ ျပစ္တင္ျခင္းႏွင့္အတူ တရားစြဲဆို ခံထားရပါသည္။

အဆိုပါ စြပ္စြဲခ်က္သည္ ျမန္မာႏိုင္ငံအတြက္ မည္ကဲ့သို႔ေသာ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚလာေစႏိုင္ပါ သနည္း အပါအဝင္ မည္သို႔ ေျဖရွင္းေဆာင္႐ြက္ရန္ လိုအပ္ပါသနည္းဆိုေသာ ေမးခြန္းမ်ားက ျမန္မာႏိုင္ငံသား မ်ား အၾကားမွာ သိလိုစိတ္မ်ား ျပင္းျပလာခဲ့ၾကသည္။

တဖက္မွာလည္း ျမန္မာႏိုင္ငံသည္ ျပည္တြင္းမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ေနရၿပီး ထိုက္သင့္သေလာက္ ေအာင္ျမင္မႈမရဘဲ ေႏွးေကြးမႈမ်ား ရွိေနျခင္းေၾကာင့္ အစိုးရမွာ ဖိအားမ်ား ရွိေနျပန္ပါသည္။

ထို႔အတူ ျမန္မာႏိုင္ငံတြင္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ေဆြးေႏြးအေျဖရွာေနသည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ- ၂၁ ရာစု ပင္လုံ အစည္းအေဝးမွာ ဗမာတိုင္းရင္းသားမ်ား၏ ကိုယ္စားျပဳမႈမွာ မရွင္းလင္း ဘဲ ျဖစ္ေနသလို တျခားေသာ လူမ်ိဳးစုမ်ား အသံမ်ားကလည္း ပါဝင္ခြင့္မရွိဘဲ ျဖစ္ေနတာကို ေတြ႕ရပါသည္။

အဆိုပါ အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူလည္းျဖစ္ စာေရးဆရာလည္း ျဖစ္သူ ဦးေက်ာ္ဝင္းကို မဇၩိမ မီဒီယာမွ အယ္ဒီတာျဖစ္သူ ခ်စ္မင္းထြန္းက ေတြ႕ဆုံ ေမးျမန္းထားပါသည္။

Recommended