မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ကျင်းပ

  • 5 years ago
မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ကျင်းပ

*******************

မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ၂၀၁၉ကို နိုဝင်ဘာ၁၄ရက်နေ့က Novotel Yangon Max မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲဟာ ၂၀၁၈ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ SAMစီးပွားရေးဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။

ဒီတစ်ခေါက်ထိပ်သီးတွေ့ဆုံပွဲကိုတော့ "စင်ကာပူ - မြန်မာနိုင်ငံအတွက် ကမ္ဘာကိုတက်လှမ်းရန်လမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းမိတ်ဖက်မှု ပိုမိုနက်ရှိုင်းစေဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်ရန်နဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုပြုလုပ်ဖို့ စင်ကာပူစီးပွားရေးအဖွဲ့အစည်းတွေကို တိုက်တွန်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၄၉နိုင်ငံက ရင်းနှီးမြုပ်နှံထားပြီး ရင်းနှီးမြုပ်နှံမှုစုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၈၀ဘီလီလျံလောက်ရှိတယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်ဖြတ်- လာဘ်ရတနာဗိုလ်

( ZawGyi )


ျမန္မာ-စင္ကာပူ စီးပြားေရးဆိုင္ရာထိပ္သီးေတြ႕ဆုံပြဲ က်င္းပ

*******************

ျမန္မာ-စင္ကာပူ စီးပြားေရးဆိုင္ရာထိပ္သီးေတြ႕ဆုံပြဲ ၂၀၁၉ကို ႏိုဝင္ဘာ၁၄ရက္ေန႔က Novotel Yangon Max မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။
ဒီေတြ႕ဆုံပြဲဟာ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာမွာက်င္းပခဲ့တဲ့ SAMစီးပြားေရးဆိုင္ရာ ထိပ္သီးေတြ႕ဆုံပြဲရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ က်င္းပတာျဖစ္ပါတယ္။

ဒီတစ္ေခါက္ထိပ္သီးေတြ႕ဆုံပြဲကိုေတာ့ "စင္ကာပူ - ျမန္မာႏိုင္ငံအတြက္ ကမာၻကိုတက္လွမ္းရန္လမ္း" ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျပဳလုပ္ခဲ့ၿပီး ျမန္မာႏိုင္ငံနဲ႔ ပူးေပါင္းမိတ္ဖက္မႈ ပိုမိုနက္ရႈိင္းေစဖို႔ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ရန္နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ ပိုမိုျပဳလုပ္ဖို႔ စင္ကာပူစီးပြားေရးအဖြဲ႕အစည္းေတြကို တိုက္တြန္း ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေပါင္း ၄၉ႏိုင္ငံက ရင္းႏွီးျမဳပ္ႏွံထားၿပီး ရင္းႏွီးျမဳပ္ႏွံမႈစုစုေပါင္းကေတာ့ အေမရိကန္ ေဒၚလာ ၈၀ဘီလီလ်ံေလာက္ရွိတယ္လို႔ သိရပါတယ္။

႐ိုက္ကူး/တည္ျဖတ္- လာဘ္ရတနာဗိုလ္

Recommended