ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရရေး လူထုလှုပ်ရှားမှု ပြုလုပ်

  • 5 years ago
ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရရေး လူထုလှုပ်ရှားမှု ပြုလုပ်
***********************
ဆေးခြောက်တရားဝင် အသုံးပြုခွင့်ရရေး အတွက် လူထုလှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာလ(၁၁)ရက် တန်ဆောင်မုန်းလပြည့်နေ့ ညက ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။
ဆေးခြောက်သည် လူငယ်ကို မပျက်စီးနိုင်၊ သစ်ရွက်ကို လွတ်လပ်ခွင့်ပေး၊ No jail for a plant စသည့် စာတန်းများကို ကိုင်ဆောင်ပြီး မျက်နှာဖုံးတပ်ဆင်ထားသည့် လူတစ်ရာခန့်က တောင်းဆိုခဲ့ကြသည်။ လူထုလှုပ်ရှားမှု အပြီးတွင် မီးပုံး ၁၁၁ လုံးကို ကောင်းကင်သို့ လွှတ်တင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကို ချီတက်ခဲ့ကြသည်။


သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62770
ရိုက်ကူး - ဖူးအိအိနွယ်
တည်းဖြတ် - စုမြတ်မေဇော်
(zawgyi)
***********************

ရိုက်ကူး - ဖူးအိအိနွယ်