ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်ခရီးစဉ်တွင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံရ

  • 5 years ago
ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်ခရီးစဉ်တွင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံရ

#မဇ္ဈိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့ခရီးစဉ်တွင် ဆန္ဒပြသည့် ဒေသခံအချို့ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ ၉ရက်၊ နံနက် ၁၁နာရီတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိုးကုတ်မြို့သို့ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။


ဦးစိုးဌေး အပါအဝင် ကိုဇော်ဝင်း၊ ကိုကျော်တင်၊ ကိုမျိုးထက်ဇော်၊ ကိုဇော်မျိုးနှင့် အနည်းဆုံး ခြောက်ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
၎င်းတို့က 'ကျောက်လုပ်ကွက်များ တရားမျှတစွာ ချထားရေး' ၊ 'လုပ်ကွက်များ ချထားရာတွင် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ ရယူပေးရေး' ၊ 'နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့် ရရှိရေး" စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက မိုးကုတ်မြို့ရှိ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျောင်းတိုက် ရှင် ၁၀၀၀ ဗိမ္မာန်တော်ဖွင့်ပွဲသို့ လာရောက်ဖွင့်လှစ်ပြီး မြို့မိ၊ မြို့ဖ ၁၅ ဦးနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် ဆန္ဒပြသူများက ၎င်းတို့လည်း တွေ့ဆုံလိုကြောင်း တောင်းဆိုဆန္ဒပြရင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရိုက်ကူး / အောင်ကိုဦး

(ZawGyi )

ေဒၚေအာင္ဆန္းစုၾကည္ မိုးကုတ္ခရီးစဥ္တြင္ ဆႏၵျပသူ ေျခာက္ဦး ဖမ္းဆီးခံရ

#မဇၩိမ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ ေဒၚေအာင္ဆန္းစုၾကည္၏ မိုးကုတ္ၿမိဳ႕ခရီးစဥ္တြင္ ဆႏၵျပသည့္ ေဒသခံအခ်ိဳ႕ကို ၂၀၁၉ခုႏွစ္၊ ႏိုဝင္ဘာ ၉ရက္၊ နံနက္ ၁၁နာရီတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု မိုးကုတ္ၿမိဳ႕သို႔ ေရာက္ရွိေနသည့္ မဇၩိမသတင္းေထာက္က သတင္းေပးပို႔သည္။


ဦးစိုးေဌး အပါအဝင္ ကိုေဇာ္ဝင္း၊ ကိုေက်ာ္တင္၊ ကိုမ်ိဳးထက္ေဇာ္၊ ကိုေဇာ္မ်ိဳးႏွင့္ အနည္းဆုံး ေျခာက္ဦး ဖမ္းဆီးခံလိုက္ရျခင္း ျဖစ္သည္။
၎တို႔က 'ေက်ာက္လုပ္ကြက္မ်ား တရားမွ်တစြာ ခ်ထားေရး' ၊ 'လုပ္ကြက္မ်ား ခ်ထားရာတြင္ ေဒသခံျပည္သူမ်ား၏ သေဘာထားဆႏၵ ရယူေပးေရး' ၊ 'ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ေတြ႕ဆုံခြင့္ ရရွိေရး" စသည့္ စာသားပါ ဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ကာ ယေန႔နံနက္ပိုင္းက ဆႏၵျပခဲ့ၾကသည္။


ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔နံနက္ပိုင္းက မိုးကုတ္ၿမိဳ႕ရွိ ေညာင္သုံးပင္ ပရိယတၱိ သာမေဏေက်ာင္းတိုက္ ရွင္ ၁၀၀၀ ဗိမၼာန္ေတာ္ဖြင့္ပြဲသို႔ လာေရာက္ဖြင့္လွစ္ၿပီး ၿမိဳ႕မိ၊ ၿမိဳ႕ဖ ၁၅ ဦးႏွင့္လည္း ေတြ႕ဆုံမည္ျဖစ္သည္။ ထိုသို႔ ေတြ႕ဆုံရာတြင္ ဆႏၵျပသူမ်ားက ၎တို႔လည္း ေတြ႕ဆုံလိုေၾကာင္း ေတာင္းဆိုဆႏၵျပရင္း ဖမ္းဆီးခံရျခင္း ျဖစ္သည္။

႐ိုက္ကူး / ေအာင္ကိုဦး