• 5 years ago
ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွနု်ပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ်အနစ်နာခံမှုများကို ပြုပြီး ကျွနု်ပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွနု်ပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင့်အား အတိုက်အခံလုပ်ကြသည်။ ကျွနု်ပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင် ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် …

များပြားသောအကြံပြုချက်များ

Myanmar Subtitle movie | ကောင်းကင်နိုင်ငံတော်သားများ
https://my.kingdomsalvation.org/videos/people-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended