မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးတွင် လူငယ်တွေ ပါဝင်ဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေအတွက် ဆွေးနွေး

  • 5 years ago
မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးတွင် လူငယ်တွေ ပါဝင်ဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေအတွက် ဆွေးနွေး
**********************
မူးယစ်ဆေးဝါးခြိမ်းခြောက်မှုအန္တရာယ်ကို လျော့ချနိုင်ရေးအတွက် လူငယ်တွေ ဘယ်လိုပါဝင်လုပ်ဆောင်နိုင်မလဲဆိုတာကို
လူငယ်ရေးရာကော်မတီရဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လူငယ်နှီးနှောဖလှယ်ပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လူငယ်ရေးရာကော်မတီက ဦးစီးကျင်းပတဲ့ အခုနှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းမှာရှိတဲ့ အားကစားနှင့် ကာယသိပံ္ပမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးက လူငယ်တွေက မူးယစ်ဆေးဝါးခြိမ်းမှုအန္တရာယ်အပေါ် ဘယ်လိုမျိုးလျော့ချနိုင်မလဲ၊ အစိုးရကို ဘာတွေအကြံပြုနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပါ။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်