အမေရိကန် နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်ပါတီ

  • 5 years ago
အမေရိကန် နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်ပါတီ
****************
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေထဲမှာ မက်ဆက်ချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren ဟာ ထိပ်မှာရှိနေတဲ့ ဒုသမ္မတဟောင်း Joe Biden နောက် ဒုတိယနေရာကို ရောက်လာတယ်ဆိုတာ လူထုစစ်တမ်းအသစ်တခုမှာ တွေ့ရပါတယ်။ Biden က ထောက်ခံမှု ၃၁% နဲ့ ဦးဆောင်နေပြီး Warren က ၂၅% နဲ့ ဒုတိယလိုက်နေပြီးတော့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders က ၁၄% နဲ့ တတိယလိုက်နေတယ်ဆိုတာ NBC News-Wall Street Journal လူထုစစ်တမ်းမှာ တွေ့ရပါတယ်။ Jim Malone ရဲ့ သတင်းလွှာ ကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။