တာမွေ(ယာယီ)ဈေးကို ကျပ် ၁၆ ဘီလီယံ ကုန်ကျခံတည်ဆောက်မည်

  • 5 years ago
တာမွေ(ယာယီ)ဈေးကို ကျပ် ၁၆ ဘီလီယံ ကုန်ကျခံတည်ဆောက်မည်
*********************************
"အခုတင်ဒါအောင်ထားတာက ၀မ်းဝမ်းဝမ်း ကုမ္ပဏီက တင်ဒါအောင်ထားပါတယ်။အကုန်လုံး ကုန်ကျ မှာက ၁၆ ဘီလီယံကိုခန့်မှန်းထားတယ်။အဆောက်အဦဒီဇိုင်းကို ဆွဲလိုက်တဲ့အခါကျတော့ မြေ အောက်ထပ်က မပါလို့မရဘူး။ မြေပြင်မှာ ရေစီးဆင်းမှုကိုဖြတ်တောက်လို့ မရပါဘူး။ ဘေးပတ်လမ်း တွေ ရှိတယ်ဆိုရင် ခုံးအနေအထားကိုသွားဖို့ ရှိတယ်။ ဒီဇိုင်းကြီးပဲ သီးသန့်မဟုတ်ဘူး။ ဘေးအန္တရာယ် အတွက်ပါကာကွယ်ပြီးလုပ်ထားတာ။ သူရဲ့ဒီဇိုင်းအရ မြေအောက်ထပ်ကို ပါကိုပါရပါတယ်။ ဒါဈေးများ ဌာနက အကုန်လုံးစီမံခန့်ခွဲတာ။ ပိုင်ဆိုင်မှုကလည်းဈေးများဌာနရဲ့အပိုင်၊ အဲဒီအပေါ်မှာ ဈေးများ ဌာနက ပြန်လည်တည်ဆောက်ပြီး ငှားရမ်းတာပါ " ဟု ဦးအောင်မျိုးလင်းက မီဒီယာများကိုပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60782
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း