စိုက်မွေးဝန်ကြီးနှင့်ငါးဦးစီးကို မကျေနပ်သဖြင့် ရေလုပ်သားများ ဆန္ဒထုတ်ဖော်

  • 5 years ago
စိုက်မွေးဝန်ကြီးနှင့်ငါးဦးစီးကို မကျေနပ်သဖြင့် ရေလုပ်သားများ ဆန္ဒထုတ်ဖော်
****************************
ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးနှင့် ငါးလုပ်ငန်း ဦးစီးတို့ကို မကျေနပ်သောကြောင့် လေးမျက်နှာမြို့နယ်မှ ကင်ပွန်းချောင်းအင်း၊ ကျုံတလုတ်အင်း ၊မြေနုမြစ်ကျိုး အင်း၊ကျုံပျော်မြို့နယ် ရှားခဲကြီး ရှားခဲလေးအင်းတို့မှ ရေလုပ်သားများသည် စက်တင်ဘာလ၉ရက်နေ့တွင် ပုသိမ်မြို့တွင်း ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ဒေသခံများ တရားဝင်စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းရှိရာ အင်းများကြေးတိုင်ချထားခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရေး၊ရှာစားဖွေစားဒေသခံရေလုပ်သား အစစ်အမှန်များကိုသာ ထောက်ခံပေးရေး၊ ဒေသခံ ရေ လုပ်သားများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းကို အသိအမှတ်မပြုဘဲ လုပ်ငန်းရှင် အင်းသားကြီးများ ကိုသာ မျက်နှာသာပေးလုပ်ကိုင်ဆောင်ရွက်နေသော ငါးလုပ်ငန်းဦးစီးမှူးအား အလိုမရှိ၊ဒေသခံရေလုပ်သား အဖွဲ့အစည်းများ၏တင်ပြတိုင်ကြားစာအား စုံစမ်း၊စစ်ဆေး အရေးမထားသည့် စိုက်မွေးဝန်ကြီးအား အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ရိုက်ကူး - စည်သူမောင်မောင်

Recommended