အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး

  • 5 years ago
အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး
**********************
နည်းပြ ဂွာဒီယိုလာက မန်ချက်စတာစီးတီးအသင်းမှာ ပျော်ရွှင်နေတဲ့ ကစားသမားတွေကိုပဲ ထိန်းသိမ်းထားဖို့သာ အလိုရှိတယ်လို့ ပြောဆိုလိုက်ပြီး ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီရွိုင်ဆာနေးကို ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။

မနေ့က တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှာ ကစားခဲ့တဲ့ ရာသီကြိုအာရှခရီးစဉ်ပွဲစဉ်မှာ မန်စီးတီးက ဝက်စ်ဟမ်းကို (၄-၁)နဲ့ အနိုင်ရရှိခဲ့ပြီး ဆာနေးက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ဆာနေးဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေပြီး အသင်းက သူ့ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ဂွာဒီယိုလာကတော့ ဂျာမန်လက်ရွေးစင်ကစားသမားရဲ့ အနာဂတ်အပေါ် သံသယတွေဖြစ်နေပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58910


#နိုင်ငံတကာသတင်း #InternationalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🥇
Sports

Recommended