နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများ

  • 5 years ago
နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများ
***************************
နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိနေပြီဖြစ်သည့် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများကို ရန်ကုန် အမျိုးသားပြတိုက်တွင် ဇွန်လ ၉ ရက်နေ့မှ ဇွန် ၁၈ ရက်အထိ ၁၀ ရက်ကြာပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ရှေးခေတ်ရှမ်းစော်ဘွားကြီးများနှင့် အခြားအဆင့်များ၏ ရှားပါးဝတ်စုံပေါင်း ၃၀ ကိုခင်းကျင်းပြသ ထားခြင်းဖြစ်ပြီး ခေတ်ကာလကြာမြင့်ခဲ့ပြီဖြစ်သည့် ကတ္တီပါ၊ ဘရိုကိတ်၊ ချည်ထည်၊ ပိုးထည်များပေါ်တွင် အလှဆင်ထားသည့် ရွှေချည်ထိုး၊ ပန်းထိုးလက်ရာများပါဝင်သော ရှားပါးဝတ်စုံများဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57708

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ