မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၃၆ ဒဿ မ ၁၃ ရာခိုင်နှုန်းရှိ

  • 5 years ago
မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၃၆ ဒဿ မ ၁၃ ရာခိုင်နှုန်းရှိ
*******************************
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် မှုသည် ၃၆ ဒဿ မ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၂ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်ထံမှသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ၂၀၁၈ ခုနှစ်က ၁၁၁၃၉၈ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၄၂၅၁၈ဦး အောင်မြင်ခဲ့ရာ အောင်ချက် ၃၈ ဒဿ မ ၁၇ ရာခိုင်နှုန်း ရှိခဲ့သည်။သို့သော် ၂၀၁၉ ခုနှစ်တွင် ၁၁၉၂၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၃၀၇၅ဦး အောင်မြင်ခဲ့ရာ အောင်ချက် ၃၆ ဒဿ မ ၁၃ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၈ခုနှစ် နှင့် ၂၀၁၉ခုနှစ် နှိုင်းယှဉ်ချက်အရ ဖြေဆိုသူ ၇၈၁၂ ဦး တိုးလာခဲ့ပြီး အောင်မြင်သူ ၅၅၇ဦး တိုးလာခဲ့သော်လည်း အောင်ချက် ရာခိုင်နှုန်းမှာ ၂ ဒဿ မ ၀၄ ရာခိုင်နှုန်း လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းမှပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၉ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၇၃ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၂၁ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၉၀ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၂၂၀ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၆၉၂၀ဦး ရှိကြောင်းသိရသည်။

ရိုက်ကူး- ဘိုဘို(မဇ္ဈိမ)