ဓမ္မသီချင်း | ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်

  • 5 years ago
Best Myanmar Gospel Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်)



ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊

ဖန်ဆင်းခြင်း ခပ်သိမ်းကို

သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး

သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။

ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး

ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။

သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး

ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။

မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး

ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။

ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။

ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည်



ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊

ဖန်ဆင်းခြင်း ခပ်သိမ်းကို

သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး

သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။

ဘုရားဟာ အရာရာကို ကွပ်ကဲအုပ်ချုပ်တယ်

အရာရာကို စီစဉ်တကျ အဆင့်အတန်း သတ်မှတ်ကာ

အမျိုးအစားအလိုက် တစ်ခုချင်း ခွဲခြားသတ်မှတ်ခဲ့တယ်

ဘုရားအလိုတော်နှင့်အညီ ကိုယ်ပိုင်နေရာကို ခွဲဝေပိုင်းခြားပေး

မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး

ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။

ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။

ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည်



ဘယ်လောက်ကြီးမြတ်တဲ့ အရာပင်ဖြစ်စေ

ထိုအရာသည် မည်သည့်အခါမှ ဘုရားထက် သာလွန်မည်မဟုတ်။

အရာခပ်သိမ်းဟာ ဘုရားဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်၏ အစေခံပြီး

ဘယ်အရာမှ ဘုရားအားအာခံရန်

သို့မဟုတ် တောင်းဆိုမှုပြုရန် မဝံ့ရဲပေ။

ဘုရားရဲ့ ဖန်ဆင်းခံသတ္တဝါ လူသားဟာလည်း

သူ့တာဝန်ကို ထမ်းဆောင်ရမည်။

သခင်ဖြစ်စေ အုပ်စိုးရှင်ဖြစ်စေ သူ၏အဆင့်အတန်းဟာ

ဘယ်လောက်ပင် မြင့်မြတ်စေကာမူ

သူဟာ ဘုရားရဲ့အုပ်စိုးမှုအောက်က

သေးနုပ်သော လူသားသတ္တဝါပါ ဘဲ။

အရေးမပါသော လူသား၊ ဘုရားရဲ့ဖန်ဆင်းခံ သတ္တဝါ၊

သူဟာ ဘုရားရဲ့အထက်မှာ ဘယ်အခါမှ ရှိမည်မဟုတ်ပါ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဓမ္မသီချင်းဝေငှမည်
Myanmar Hymn Music Video | နားခိုရာအိမ် ဘယ်မှာလဲ
https://my.godfootsteps.org/videos/where-is-my-home-mv.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Category

🎵
Music

Recommended