ခရစ်ယာန်ရုပ်ရှင်ကြော်ငြာဇာတ်ကား (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ)

  • 5 years ago
ခရစ်ယာန်ရုပ်ရှင်ကြော်ငြာဇာတ်ကား (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) The Lord Jesus Is My Strength

လီချွမ်မင်ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့အသင်းတော်တစ်ပါးက အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ၊ သူဟာစိတ်အားထက်သန်စွာ သခင်ကိုအစေခံခဲ့ပြီး၊ သမ္မာကျမ်းစာကို သေသေချာချာပြည့်ပြည့်ဝဝ လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ပုံသက်သေကို သူဟာလိုက်နာနေသူတစ်ဦးဖြစ်ပြီး၊ သခင်ကိုယုံကြည်ခြင်းဆိုတာဟာ သမ္မာကျမ်းစာကိုယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကိုယုံကြည်ခြင်းဟာလည်း သခင်ကိုယုံကြည်ခြင်းနဲ့အတူတူပဲလို့ တွေးထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သမ္မာကျမ်းစာကိုလက်ကိုင်ထားသရွေ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရလိမ့်မယ်လို့သူယုံကြည်နေခဲ့တယ်။ ဒီအတွေးအခေါ်တွေဟာ သူ့ကို ခြေချင်းတစ်စုံလိုထိန်းချုပ်ထားခဲ့ပြီး၊ ဘုရားသခင်ရဲ့ ခြေရာကို လိုက်ဖို့နဲ့ ဘုရားသခင်ကိုယုံကြည်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ အဲ့ဒီအကျိုးဆက်အနေနဲ့၊ လီချွမ်မင်တစ်​ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်တွေကို စုံစမ်းလေ့လာဖို့တစ်ခါမှမတွေးခဲ့ဘူး။

တစ်ရက်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဝက်ဘ်ဆိုဒ်က ဓမ္မတေးဗီဒီယိုတွေကြည့်ရဖို့အခွင့်အရေးရခဲ့ပါတယ်။ သူတို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့စာသားတွေနဲ့ သာယာတဲ့တေးသွားတွေက သူ့ကိုစေ့ဆော်တဲ့အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်တွေကို လေ့လာဖို့ လှုံ့ဆော်ခဲ့တယ်။ သမ္မာတရားနဲ့ပတ်သက်ပြီး အနည်းငယ်ဆွေးနွေးပြီးနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် သမ္မာကျမ်းစာရဲ့နောက်ကွယ်ကဖြစ်ရပ်တွေကို သူသဘောပေါက်လာခဲ့တယ်။ အခြေအနေရဲ့ မှန်ကန်တဲ့အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းသူသဘောပေါက်လာခဲ့တယ်။ ဘာသာရေးလောကရဲ့ ဖာရိရှဲတွေဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့အမှုတော်တွေကို သမ္မာကျမ်းစာဗန်းပြပြီး ဆန့်ကျင်ရှုတ်ချကြတယ်။ နောက်ဆုံးတော့၊ ဘာသာရေးဖာရိရှဲတွေရဲ့ ထိန်းချုပ်မှု၊ ကန့်သတ်မှုကို ချိုးဖောက်ပြီး ဘုရားသခင်ရဲ့ ခြေရာကိုလိုက်မှီလာခဲ့တယ်။

မြင်ကွင်းများ
Myanmar Gospel Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) God Is My Strength and My Shepherd
https://my.godfootsteps.org/videos/break-the-shackles-and-run-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။



ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

Some Green Screen Effects Footage By Salah (https://www.youtube.com/channel/UCwNG7D5foTK8yFCnCDhAkoA)/CC BY 3.0(https://creativecommons.org/licenses/by/3.0/legalcode)

Recommended