ဆေးခြောက်စိုက်ပျိုးမှုဖြင့် အမှုဖွင့်ခံထားရသူများ ဒုတိယအကြိမ် ချုပ်ရက် ရမန်ယူ

  • 5 years ago
ဆေးခြောက်စိုက်ပျိုးမှုဖြင့် အမှုဖွင့်ခံထားရသူများ ဒုတိယအကြိမ် ချုပ်ရက် ရမန်ယူ
********************
ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်စိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် ချဉ်ပေါင်လျော်ပင်များကို တိုင်းဒေ သကြီး တာဝန်ရှိသူများက စစ်ဆေးပြီးစီးချိန်တွင် ဆေးခြောက်ပင်များအဖြစ် အတည်ပြုကာ စိုက်ခင်းပိုင်ရှင်များ ဖြစ်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် စိုက်ခင်းမန်နေဂျာ မြန်မာလူမျိုးနှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေတို့ဖြင့် အမှုဖွင့်ထားပြီး ၂၀၁၉ ခုနှစ် ၊ မေလ ၇ ရက်တွင် ငါးဇွန်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ချုပ်ရက် ရမန်ယူရန် ရုံးထုတ်ခဲ့သည်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ
ယခုရုံးချိန်းတွင် ချုပ်ရက်ရီမန် ၁၄ ရက်ထပ်ယူခဲ့ပြီး နောက်ရုံးချိန်းကို မြင်းခြံခရိုင်တရားရုံးတွင် ၂၀၁၉ ခုနှစ် ၊ဧပြီ ၂၁ ရက်၌ပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။ စိုက်ခင်းတာဝန်ခံ ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး၊ အမေရိကန် နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၆(က)/၁၉(က) /၂၀(က) /၂၁ တို့အရ ငါန်းဇွန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/56651
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ