နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်းကို ကြုံရခြင်းနှင့် စာတန်၏ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း

  • 5 years ago
သမ္မာကျမ်းစာ၌ဆိုသည်ကား“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (၁ပေ ၄:၁၇) နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်မှ လူကို သန့်စင်စေပြီး ကယ်တင်သော သမ္မာတရားအားလုံးကို ဖော်ပြပြီး သူ၏ ဖြောင့်မတ်ပြီး ကြီးကျယ် ခမ်းနားကာ ချိုးဖောက်မရနိုင်သော စိတ်သဘောထားကို ကျွနု်ပ်တို့အား ပြသလေသည်။ လူသည် စာတန်၏စွမ်းအားမှ ထွက်ပြေးလွတ်မြောက်ပြီး ဘုရားသခင်ထံအမှန်တကယ်လှည့်ပြန်လာနိုင်ရန်အလို့ငှာ လူကို ကယ်တင်ဖို့ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံသော ဘုရားသခင်ရွေးကောက်ထားသည့် လူများအားလုံးသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဘုရားသခင်အတွက်အစေခံခြင်းက အမှန်တကယ်တွင် ဘုရားသခင်ကို အာခံသည့်အကြောင်း အချက်အလက်ကျကျ အမှန်တရားကို ရှင်းလင်းစွာ မြင်ကြပြီး ၊ သူတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သမ္မာတရားမုန်းသော အန္တိခရစ် သဘာဝများကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာကြသည်၊ ထို့ကြောင့် သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ရှုပ်ထွေးစေခြင်း၊ ထိန်းချုပ်ခြင်းများမှ ထွက်ပြေးလွတ်မြောက်ကြသည်။ ဘုရားသခင် ရွေးကောက်ထားသော လူများ၏ ခရစ်တော်ပလ္လင်ရှေ့တွင် တရားစီရင်ခြင်း အတွေ့အကြုံများနှင့်ဆိုင်သော သက်သေခံချက်များကို နားထောင်ခြင်းဖြင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအမှုတော်ကို သိနားလည်လာပါလိမ့်မည်။

အကြံပြုစာမျာ: https://my.godfootsteps.org/videos/was-work-of-salvation-completed.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended