စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ (၃) ဘုရားသခင်၏ အမှုတော်နှင့် ပေါ်ထွန်းလာခြင်းကြောင့် ဘာသာရေးအသိုင်းအဝိုင်းအတွက် မည်သို့ထူးခြားစေသနည်း

  • 5 years ago
ဘုရားသခင် လူဇာတိခံ၍ အမှုတော်ကို လုပ်ဆောင်ရန် ပေါ်ထွန်းလာသည့်အခါတိုင်း၊ မာရ်နတ်၏ ဆိုးယုတ်သော အင်အားစုတို့က စစ်မှန်သောလမ်းစဉ်ကို ရက်ရက်စက်စက် အာခံရှုတ်ချကြသည်။ ၎င်းအားဖြင့် ဘာသာရေးလောကကို ပိုင်းခြားဖော်ထုတ်ကာ ဝိညာဉ်လောကအတွင်း စစ်ပွဲများဖြစ်ပွားလေတော့သည်။ သခင်ယေရှုမြွက်ဆိုခဲ့သည်မှာ "မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း" (ရှင်မဿဲခရစ်ဝင် ၁၀:၃၄) ဟုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုပေါ်ထွန်းလာပြီး အမှုတော်ကိုလုပ်ဆောင်သည့်အခါ ယုဒဘာသာဝင်တို့သည် အဖွဲ့အစည်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းလာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာရေးလောကသည် ဂျုံစေ့များနှင့် မြက်ပေါင်းပင်များ၊ သိုးများနှင့် ဆိတ်များ၊ ဉာဏ်ပညာရှိသတို့သမီးများနှင့် မိုက်မဲသောသတို့သမီးများ၊ အစေခံကောင်းများနှင့် အစေခံဆိုးများအပါအဝင် အလုံးစုံသော အမျိုးအစား စုံလင်အောင် ကြီးကျယ်စွာ ဖော်ထုတ်ခြင်းခံရတော့သည်။ ဘုရားသခင်၏ဉာဏ်ပညာနှင့် အံ့ဖွယ်ရာတို့သည် ဉာဏ်မမီလောက်အောင် ခက်ခဲနက်နဲလှသည်။

သမ္မာကျမ်းစာထဲတွင် ပေါလုက ဤသို့ဆိုခဲ့သည် " အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထို့ကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။" (ရောမသြဝါဒစာ ၁၃:၁ - ၂) ကျွန်တော်တို့ ယုံကြည်သူတွေသည် မင်းအာဏာစက်ရှိသူတို့အား ဘယ်လိုဆက်ဆံသင့်သလဲ။ မင်းအာဏာစက်ရှိသူတို့အား လိုက်နာခြင်းဟာ ဘုရားသခင်ကို လိုက်နာခြင်းနှင့် အမှန်တကယ်ပဲ တူညီသလား။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတနေကြသောသူ တို့အတွက် နှုတ်ကပတ်တော် ဝေငှပေးပါမယ်နော်
https://my.godfootsteps.org/about-2.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended