ယူနက်စကိုဝင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ ရန်ကုန်တွင် ပြသ

  • 5 years ago
ယူနက်စကိုဝင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ ရန်ကုန်တွင် ပြသ
*************************
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရန် ကြိုးစားနေသော''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ၏ ရှစ်ကြိမ်မြောက်အဖြစ် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့ Junction City တွင် သုံးရက်တိုင်တိုင် ကျင်းပနေသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာဓာတ်ပုံများကိုခင်းကျင်းပြသထားပြီး အမှတ်တရ ပစ္စည်းများကိုလည်းရောင်းချပေးလျက်ရှိသည်။ ပြပွဲမှ ရရှိသောငွေများကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အမှိုက်သန့်ရှင်းရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။
ရိုက်ကူး /တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55892
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended