(ပြန်လာခဲ့သူ ဘယ်သူပါလဲ) စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ဘယ်လိုခွဲခြားမှာလဲ (၂)

  • 5 years ago
သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားအဖြစ် ပြန်လည်ကြွရောက်နေပြီး၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ကာဆောင်ရွက်နေတယ်လို့ လူတော်တော်များများက အခုဆို သက်သေခံပါတယ်။ တစ်ချိန်တည်းမှာပဲ လူတော်တော်များများက သူတို့ကိုယ်သူတို့ ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် လှည့်ဖြားနေကြပါတယ်။ သူတို့တွေက လူတွေကို ရှုပ်ထွေးစေဖို့အတွက်၊ သမ္မာကျမ်းကို မှားယွင်းအနက်ဖော်တာတွေ၊ ပရောဖက်ပြုချက်တွေကို ရှင်းလင်းပြတာတွေနဲ့ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြသတာတွေအပေါ် အားကိုးကြတယ်။ သူတို့ထဲက တချို့ဆိုရင် စာအုပ်တော်တော်များများလည်း ရေးသားထားကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်တော်အတုအယောင်တွေရဲ့မိစ္ဆာအနှစ်သာရကို စေ့စေ့စပ်စပ်နားလည်အောင်လုပ်ပြီး၊ ဘယ်လို ပစ်ပယ်ကြမလဲ။ ပြီးတော့ ခရစ်တော်ရဲ့အနှစ်သာရကို သိပြီး၊ မင်္ဂလာ သတို့သားကိုကြိုဆိုကြတဲ့ ပညာရှိကညာပျိုတွေအဖြစ် ဘယ်လိုနေထိုင်သင့်လဲ။ ဒီရုပ်ရှင်ဇာတ်လမ်းတိုဟာ စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ခွဲခြားခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားရဲ့လက္ခဏာသွင်ပြင်ကို နားလည်လာစေပါလိမ့်မယ်။ ဒါမှလည်း သင်တို့အနေနဲ့ သခင်ယေရှုရဲ့ပြန်လာခြင်းကို ကြိုဆိုနိုင်လာကြမှာပါ။

မြင်ကွင်းများ https://my.godfootsteps.org/videos/who-is-he-that-has-returned-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended