AFC U 23 ပြိုင်ပွဲတွင် မြန်မာ ယူ ၂၃ အသင်းမှ ၇ ဂိုး ဂိုးမရှိဖြင့် အရှေ့တီမောကို အနိုင်ရ

  • 5 years ago
AFC U 23 ပြိုင်ပွဲတွင် မြန်မာ ယူ ၂၃ အသင်းမှ ၇ ဂိုး ဂိုးမရှိဖြင့် အရှေ့တီမောကို အနိုင်ရ
***********************
AFC U 23 Championship Qualifiers 2020 Thailand ပြိုင်ပွဲ အုပ်စုပွဲစဉ်ကို မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာအသင်းနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်းက ၇ ဂိုး ဂိုးမရှိဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ အာရှထိပ်သီး ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် အုပ်စုတစ်ခုတည်း ကျနေသော မြန်မာအသင်းအနေဖြင့် အဆိုပါပွဲအနိုင်ကြောင့် အုပ်စု (ဈ)တွင် ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ရိုက်ကူး /တည်းဖြတ် - ထွန်းထွန်းဝင်း
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ