ရွှေမန်းတောင်ဂေါက်ကွင်းမှ အလုပ်ထုတ်ခံရသူများအတွက် မန်းတိုင်း ၀န်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် ကြိုးစား

  • 5 years ago
ရွှေမန်းတောင်ဂေါက်ကွင်းမှ အလုပ်ထုတ်ခံရသူများအတွက် မန်းတိုင်း ၀န်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် ကြိုးစား
=====================
ရွှေမန်းတောင်ဂေါက်ကွင်းမှ အလုပ်ထုတ်ခံထားရသော အလုပ်သမား (၇၀)ဦး၏ကိစ္စနှင့် ပတ်သက်ပြီး (၂၀၁၉) ခုနှစ် ဇန်နဝါရီ(၃၁)ရက် နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတွင် တွေ့ဆုံခဲ့သော် လည်း လက်ရှိအချိန်အထိအကြောင်းပြန်ခြင်းမရှိသောကြောင့်ဟုဆိုကာ ရွှေမန်းတောင် ဂေါက်ကွင်း ကယ်ရီ အလုပ်သမားကိုယ်စားလှယ်များမှ မန္တလေးတိုင်းဒေသကြီးအစိုးရရုံးသို့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် လာရောက်ကြစဉ်။ရိုက်ကူး ဘိုဘို မဇ္ဈိမ
ရွှေမန်းတောင်ဂေါက်ကလပ် အလုပ်ရှင်၊ အလုပ်သမား ပြဿနာသည်အချိန် (၂)နှစ်နှင့်(၅)လ ကြာမြင့်နေပြီ ဖြစ်ပြီး၊ ကယ်ရီသမားများထံမှကုမ္မဏီဖက်က အဓမ္မဖြတ်တောက်ကောက်ခံခဲ့သော ငွေကျပ်သိန်း (၃၅၀၀) ကျော်ရှိကြောင်း ကိုကျော်နန်းဦး(ဥက္ကဋ္ဌ/ရွှေမန်းတံခွန်ဂေါက်အိတ်ထမ်းကယ်ရီအလုပ်သမားအဖွဲ့အစည်း)မှ မဇ္ဈိမကိုပြောသည်။