ခရစ်ယာန်ဘာသာ ရုပ်ရှင် (အပြစ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက တကယ်ပဲ ကောင်းကင်နိုင်ငံကိုသွားဖို့လက်မှတ်လား)

  • 5 years ago
Clip ၄ (အပြစ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက တကယ်ပဲ ကောင်းကင်နိုင်ငံကိုသွားဖို့လက်မှတ်လား)

ဘာသာရေးအသိုင်းအဝိုင်းကလူတော်တော်များများက သူတို့ဟာဘုရားသခင်ကိုယုံကြည်ပြီးတဲ့နောက်သူတို့အပြစ်တွေကိုဝန်ခံပြီးနောင်တရခဲ့တဲ့အတွက် သူတို့ဟာခွင့်လွှတ်ခံရပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပြီ။ သခင်ပြန်လာတဲ့အခါ သူတို့ကိုတိုက်ရိုက်ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မှာဖြစ်ပြီး ကိုယ်တော်က သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို မလုပ်နိုင်ကောင်းပါဘူးလို့ ထင်ကြတယ်။ ဒီအမြင်ဟာ ဘုရားသခင့်အမှုတော်ရဲ့ စစ်မှန်မှုနဲ့ ကိုက်ညီပါရဲ့လား။ သမ္မာကျမ်းစာထဲမှာ ပြောထားပါတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ ၁၂:၁၄) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ "သင်သည် ဘုရားသခင်ထံတွင် သင်၏ ယုံကြည်ခြင်းတွင် အဆင့်တခု ပျောက်ဆုံး နေသည်။ သင်သည် ရွေးနှုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နှုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။" လို့ မိန့်ဆိုထားပါတယ်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)
https://my.godfootsteps.org/videos/my-dream-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended