ရခိုင် နိုင်ငံတော် ထူထောင်ရေး ထုတ်ပြန်ချက်သည် ULA ၏ ထုတ်ပြန်ချက်မဟုတ်ဟု ပြော

  • 5 years ago
ရခိုင် နိုင်ငံတော် ထူထောင်ရေး ထုတ်ပြန်ချက်သည် ULA ၏ ထုတ်ပြန်ချက်မဟုတ်ဟု ပြော

#MizzimaTV

ရခိုင်နိုင်ငံထူထောင်မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာကြောင့် အစိုးရက မေးမြန်းလာတဲ့အပေါ် ရက္ခိုင့်တပ်မတော် အေအေအနေနဲ့ ထုတ်ပြန်ထားတာမဟုတ်ဘူးလို့ ရှင်းပြခဲ့ကြောင်း အေအေရဲ့ တာဝန်ရှိသူ
ဗိုလ်မှူးကြီးကျော်ဟန်က မီဒီယာတွေကို ပြောပါတယ်။

AA အပါအဝင် အပစ်ရပ်စာချုပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့ မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အစိုးရက မေးမြန်းလာတာ ဖြစ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ အခုလို ပြောလိုက်တာပါ။

ရိုက်ကူး ၊ တည်းဖြတ် - မင်းမင်း (မဇ္ဈိမ ၊ နေပြည်တော်)