7 DAY HERO AWARDS 2019 ဆုပေးပွဲ

  • 5 years ago
7 DAY HERO AWARDS 2019 ဆုပေးပွဲကို မတ်လ ၇ ရက်က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သည်။ အမှန်တရားအတွက် ဘဝကို ရင်းခဲ့သူအဖြစ် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို 7 Day Hero Award ဆု ချီးမြှင့်ခဲ့သည်။ ရန်ကုန်မြို့က စပိုက်ဒါမန်းများအဖြစ် ကူညီခဲ့ကြသူများဖြစ်သည့် ဆောက်လုပ်ရေးနေ့စား ကိုပြည့်ဇာနည်နွေ၊ ကိုကျော်မင်းနိုင်၊ ကိုထွန်းထွန်း၊ ကိုသားငယ်နှင့် ကိုမောင်မောင် လူငယ် ၅ ဦး၊ ဇီးပင်ကြီးစစ်တမ်းရေးသားခဲ့သူ ဒေါက်တာ စိုးသူရဇော်၊ အင်းတော်ကြီးအိုင်မှ ကယ်တင်ရှင်များ ဦးမောင်ဦး၊ ဦးစိုးသန်း၊ မောင်ဖြိုးဝေ၊ ဦးထက်ဦးနှင့် မောင်ကျော်မင်းဦး..ဖြစ်တဲ့ လူ ၅ ဦး၊ တာဝန်သိရဲတပ်ဖွဲ့ဝင်ငါးဦး ရဲတပ်သားထွန်းထွန်းဝင်း၊ ရဲတပ်သားချစ်ကို၊ ရဲတပ်သားရဲလင်းစိုး၊ရဲတပ်သားကျော်စိုးဝင်းနှင့် ရဲတပ်သားဇေယျာမောင်... တို့ကိုပါ 7 Day Hero Awards ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး /တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ